ကုိျမင့္ျမတ္နဲ႔ ရည္းစား ၃ ခါေလာက္ ျဖစ္ခဲ့တယ္ဆိုတဲ့ ထက္ထက္ထြန္း

ျပီးခဲ့တဲ့ႏွစ္ေလာက္မွာ စည္ပင္ေရြးေကာက္ပြဲမွာ အမတ္ေလာင္း ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့တဲ့ ကိစၥနဲ႔ ပတ္သက္ျပီး လူသိမ်ားလာတဲ့ အလွမယ္ ထက္ထက္ထြန္းကေတာ့ လက္ရွိမွာဆိုရင္ေတာ့ ရုပ္ရွင္ကားၾကီးေတြ ဆက္တုိက္ရိုက္ေနရတာ ျဖစ္ပါတယ္။ တျဖည္းျဖည္းနဲ႔ ေအာင္ျမင္စျပဳလာတဲ့ ထက္ထက္ထြန္းကေတာ့ မၾကာခင္ အခ်ိန္အတြင္းမွာလည္း ျမင့္ျမတ္နဲ႔ ရုပ္ရွင္ရိုက္ေတာ့မွာ ျဖစ္ျပီး ဒီအေၾကာင္းေလးကို ေျပာျပသြားတာပါ။

ကုိျမင့္ျမတ္နဲ႔ ရည္းစား ၃ ခါေလာက္ ျဖစ္ခဲ့တယ္ဆိုတဲ့ ထက္ထက္ထြန္း 1

ထက္ထက္ထြန္းကေတာ့ Mc နဲ႔ အင္တာဗ်ဴးတြင္ ျမင့္ျမတ္နဲ႔အတူ ရိုက္ကူးမယ့္ ဇာတ္ကားနဲ႔ ပတ္သက္ျပီး “အဲ့ဒါကလည္း သရဲကားေလးပါ။ ဇာတ္လမ္းကေတာ့ ဘယ္လိုမ်ိဳး ျဖစ္မလဲမသိဘူး။ ၇ လပိုင္းကုန္ေလာက္မွာ စျပီးရိုက္ကူးရမွာေပါ့။

ကုိျမင့္ျမတ္နဲ႔ ရည္းစား ၃ ခါေလာက္ ျဖစ္ခဲ့တယ္ဆိုတဲ့ ထက္ထက္ထြန္း 2

ေအာင္ဗန္းမွာ ရိုက္မွာပါ။ ကိုျမင့္ျမတ္နဲ႔ ရုပ္ရွင္ရိုက္တာကေတာ့ ၃ ကားရွိျပီရွင့္။ ၃ ကားလံုးမွာေတာ့ ကိုျမင့္ျမတ္နဲ႔ ရည္းစားျဖစ္ေနတယ္။ ဒါေၾကာင့္ ထူးထူးျခားျခား ကိုျမင့္ျမတ္နဲ႔ ၃ ၾကိမ္ေျမာက္ ရည္းစား ျဖစ္ျခင္း။ တြဲလိုက္ျပတ္လိုက္နဲ႔ ရုပ္ရွင္ထဲမွာလည္း တြဲလိုက္ျပတ္လိုက္ပါပဲ။ ရုပ္ရွင္ကား မျပီးခင္ ဇာတ္ထဲမွာ တခါထဲ ျပတ္လိုက္တာ မ်ားတယ္”

ကုိျမင့္ျမတ္နဲ႔ ရည္းစား ၃ ခါေလာက္ ျဖစ္ခဲ့တယ္ဆိုတဲ့ ထက္ထက္ထြန္း 3

ျမင့္ျမတ္နဲ႔ တြဲျပီး သရုပ္ေဆာင္ရတဲ့ ခံစားခ်က္နဲ႔ ပတ္သက္ျပီး “ဇာတ္ညြန္းကေတာ့ မဖတ္ရေသးေတာ့ ေထြေထြထူးထူး မေျပာျပတတ္ဘူး။ ဒါေပမယ့္လည္း ကုိျမင့္ျမတ္နဲ႔ သရုပ္ေဆာင္ရတာ အရမ္းေပါ့ပါးတယ္။ သူစီနီယာဆိုေပမယ့္ အလုပ္လုပ္တဲ့ေနရာမွာ ေပါ့ေပါ့ပါးပါး ရွိတယ္။ လူငယ္တေယာက္လိုပါပဲ။ လူငယ္ေတြက္ိုလည္း အျမဲလက္တြဲေခၚတတ္တဲ့ မင္းသားတေယာက္ပါ”

ကုိျမင့္ျမတ္နဲ႔ ရည္းစား ၃ ခါေလာက္ ျဖစ္ခဲ့တယ္ဆိုတဲ့ ထက္ထက္ထြန္း 4

“သရဲကားမွာ ဒီတခါေတာ့ ဘာမွ ထိခိုက္ဒဏ္ရာမျဖစ္ပါေစနဲ႔လို႔ ဆုေတာင္းပါတယ္။ ေအာင္ဗန္းမွာ ရိုက္မယ္ဆိုေတာ့ ထက္ၾကားဖူးတာကေတာ့ သရဲကားရိုက္လို႔ရွိရင္ တခါတေလက်ရင္ သရဲတကယ္ေျခာက္ခံရတာေတြ ရွိတတ္တယ္ေပါ့။ ကိုယ္က သရဲအရမ္းေၾကာက္တတ္တဲ့ အခါက်ေတာ့ ကိုယ္ရိုက္ေနတဲ့ အခ်ိန္မွာ အဲ့လိုမျဖစ္ပါေစနဲ႔လို႔ ဆုေတာင္းပါတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

Unicode version

ပြီးခဲ့တဲ့နှစ်လောက်မှာ စည်ပင်ရွေးကောက်ပွဲမှာ အမတ်လောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူသိများလာတဲ့ အလှမယ် ထက်ထက်ထွန်းကတော့ လက်ရှိမှာဆိုရင်တော့ ရုပ်ရှင်ကားကြီးတွေ ဆက်တိုက်ရိုက်နေရတာ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ အောင်မြင်စပြုလာတဲ့ ထက်ထက်ထွန်းကတော့ မကြာခင် အချိန်အတွင်းမှာလည်း မြင့်မြတ်နဲ့ ရုပ်ရှင်ရိုက်တော့မှာ ဖြစ်ပြီး ဒီအကြောင်းလေးကို ပြောပြသွားတာပါ။

ထက်ထက်ထွန်းကတော့ Mc နဲ့ အင်တာဗျူးတွင် မြင့်မြတ်နဲ့အတူ ရိုက်ကူးမယ့် ဇာတ်ကားနဲ့ ပတ်သက်ပြီး “အဲ့ဒါကလည်း သရဲကားလေးပါ။ ဇာတ်လမ်းကတော့ ဘယ်လိုမျိုး ဖြစ်မလဲမသိဘူး။ ၇ လပိုင်းကုန်လောက်မှာ စပြီးရိုက်ကူးရမှာပေါ့။

အောင်ဗန်းမှာ ရိုက်မှာပါ။ ကိုမြင့်မြတ်နဲ့ ရုပ်ရှင်ရိုက်တာကတော့ ၃ ကားရှိပြီရှင့်။ ၃ ကားလုံးမှာတော့ ကိုမြင့်မြတ်နဲ့ ရည်းစားဖြစ်နေတယ်။ ဒါကြောင့် ထူးထူးခြားခြား ကိုမြင့်မြတ်နဲ့ ၃ ကြိမ်မြောက် ရည်းစား ဖြစ်ခြင်း။ တွဲလိုက်ပြတ်လိုက်နဲ့ ရုပ်ရှင်ထဲမှာလည်း တွဲလိုက်ပြတ်လိုက်ပါပဲ။ ရုပ်ရှင်ကား မပြီးခင် ဇာတ်ထဲမှာ တခါထဲ ပြတ်လိုက်တာ များတယ်”

မြင့်မြတ်နဲ့ တွဲပြီး သရုပ်ဆောင်ရတဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး “ဇာတ်ညွန်းကတော့ မဖတ်ရသေးတော့ ထွေထွေထူးထူး မပြောပြတတ်ဘူး။ ဒါပေမယ့်လည်း ကိုမြင့်မြတ်နဲ့ သရုပ်ဆောင်ရတာ အရမ်းပေါ့ပါးတယ်။ သူစီနီယာဆိုပေမယ့် အလုပ်လုပ်တဲ့နေရာမှာ ပေါ့ပေါ့ပါးပါး ရှိတယ်။ လူငယ်တယောက်လိုပါပဲ။ လူငယ်တွေကိုလည်း အမြဲလက်တွဲခေါ်တတ်တဲ့ မင်းသားတယောက်ပါ”

“သရဲကားမှာ ဒီတခါတော့ ဘာမှ ထိခိုက်ဒဏ်ရာမဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်။ အောင်ဗန်းမှာ ရိုက်မယ်ဆိုတော့ ထက်ကြားဖူးတာကတော့ သရဲကားရိုက်လို့ရှိရင် တခါတလေကျရင် သရဲတကယ်ခြောက်ခံရတာတွေ ရှိတတ်တယ်ပေါ့။ ကိုယ်က သရဲအရမ်းကြောက်တတ်တဲ့ အခါကျတော့ ကိုယ်ရိုက်နေတဲ့ အချိန်မှာ အဲ့လိုမဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။