ကိုးရီးယားႏုိင္ငံသားေတြ ပါးစပ္အေဟာင္းသားျဖစ္ခဲ့ရတဲ့ ဟန္တီရဲ႕ ကိုးရီးယားစကားေျပာစြမ္းရည္

အသက္(၁၅) နွစ္ နဲ႕ အနုပညာေလာကကို ၀င္ေရာက္လာခဲ့ျပီး ငယ္ငယ္ရြယ္ရြယ္နဲ႕ တကယ့္ကို အရည္အခ်င္းရွိသလို အနုပညာေလာကမွာပါ ဘက္စံုေတာ္တဲ့ ဟန္တီကေတာ့ ျမန္မာနိုင္ငံရဲ႕ ကို္ယ္စားျပဳ Miss World Myanmar 2018 အလွမယ္ အျဖစ္ မၾကာေသးခင္နွစ္ကမွ သြားေရာက္ယွဥ္ျပိဳင္ေပးခဲ့သူျဖစ္ျပီး အဆိုေကာ သရုပ္ေဆာင္ပါေကာင္းသလို ရုပ္ရွင္ဒါရိုက္တာပိုင္းမွာပါ ပညာစံုသူတစ္ျဖစ္ပါတယ္။

ကိုးရီးယားႏုိင္ငံသားေတြ ပါးစပ္အေဟာင္းသားျဖစ္ခဲ့ရတဲ့ ဟန္တီရဲ႕ ကိုးရီးယားစကားေျပာစြမ္းရည္ 1

ကိုးရီးယားႏုိင္ငံသားေတြ ပါးစပ္အေဟာင္းသားျဖစ္ခဲ့ရတဲ့ ဟန္တီရဲ႕ ကိုးရီးယားစကားေျပာစြမ္းရည္ 2

ဇြြန္လ (၉ )ရက္ေန႔က ေတာင္ကိုရီးယားနိုင္ငံ၊ Seoul ၿမိဳ႕ Olympic Hall မွာ က်င္းပျပဳလုပ္ခဲ့တဲ့ Asia Model Award ဆုေပးပြဲ အခမ္းအနားႀကီးမွာေတာ့ မင္းသမီးတစ္ေယာက္အေနနဲ႕ Asia Special Award ဆုအတြက္ ၀တ္မႈန္ေရႊရည္ကိုဖိတ္ၾကားခဲ့ျပီး ေမာ္ဒယ္လ္လည္းျဖစ္သလို အလွမယ္လည္းျဖစ္တဲ့ ဟန္တီကို ေတာ့ Model Star Award ဆုအတြက္ ဖိတ္ၾကားခဲ့တာျဖစ္ပါတယ္။

ကိုးရီးယားႏုိင္ငံသားေတြ ပါးစပ္အေဟာင္းသားျဖစ္ခဲ့ရတဲ့ ဟန္တီရဲ႕ ကိုးရီးယားစကားေျပာစြမ္းရည္ 3

ကိုးရီးယားႏုိင္ငံသားေတြ ပါးစပ္အေဟာင္းသားျဖစ္ခဲ့ရတဲ့ ဟန္တီရဲ႕ ကိုးရီးယားစကားေျပာစြမ္းရည္ 4

ျမန္မာနို္င္ငံရဲ႕ အနုပညာရွင္ေတြထဲကမွ ဆုရရွိသူနွစ္ေယာက္မွာ တစ္ေယာက္အပါအ၀င္ျဖစ္တဲ့ ေမာ္ဒယ္လ္တစ္ေယာက္အေနနဲ႕ဟန္တီကေတာ့ Model Star Award ဆုကိုလက္ခံျပီးျပီးခ်င္းမွာပဲ ေက်းဇူးတင္စကားကို ကိုရီးယားဘာသာစကားနဲ႕ ေျပာၾကားခဲ့တာျဖစ္ျပီး

ကိုးရီးယားႏုိင္ငံသားေတြ ပါးစပ္အေဟာင္းသားျဖစ္ခဲ့ရတဲ့ ဟန္တီရဲ႕ ကိုးရီးယားစကားေျပာစြမ္းရည္ 5

ကိုးရီးယားႏုိင္ငံသားေတြ ပါးစပ္အေဟာင္းသားျဖစ္ခဲ့ရတဲ့ ဟန္တီရဲ႕ ကိုးရီးယားစကားေျပာစြမ္းရည္ 6

ပြဲအတြင္းက ကိုရီးယားလူမ်ိဳး ေတြအားလံုး အံၾသခဲ့ရသလို သူမကို ခ်ီးလည္းခ်ီးက်ဴးခဲ့ၾကတာမို႕ Video ေလးနဲ႕ တကြေဖာ္ျပေပးလိုက္ရပါတယ္ေနာ္.. ဆယ္လီကမာၻပရိသတ္ၾကီးေရ..။Celegabar

 

Unicode Version

အသက်(၁၅) နှစ် နဲ့ အနုပညာလောကကို ဝင်ရောက်လာခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ တကယ့်ကို အရည်အချင်းရှိသလို အနုပညာလောကမှာပါ ဘက်စုံတော်တဲ့ ဟန်တီကတော့ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြု Miss World Myanmar 2018 အလှမယ် အဖြစ် မကြာသေးခင်နှစ်ကမှ သွားရောက်ယှဉ်ပြိုင်ပေးခဲ့သူဖြစ်ပြီး အဆိုကော သရုပ်ဆောင်ပါကောင်းသလို ရုပ်ရှင်ဒါရိုက်တာပိုင်းမှာပါ ပညာစုံသူတစ်ဖြစ်ပါတယ်။

ဇွန်လ (၉ )ရက်နေ့က တောင်ကိုရီးယားနိုင်ငံ၊ Seoul မြို့ Olympic Hall မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Asia Model Award ဆုပေးပွဲ အခမ်းအနားကြီးမှာတော့ မင်းသမီးတစ်ယောက်အနေနဲ့ Asia Special Award ဆုအတွက် ဝတ်မှုန်ရွှေရည်ကိုဖိတ်ကြားခဲ့ပြီး မော်ဒယ်လ်လည်းဖြစ်သလို အလှမယ်လည်းဖြစ်တဲ့ ဟန်တီကို တော့ Model Star Award ဆုအတွက် ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အနုပညာရှင်တွေထဲကမှ ဆုရရှိသူနှစ်ယောက်မှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ မော်ဒယ်လ်တစ်ယောက်အနေနဲ့ဟန်တီကတော့ Model Star Award ဆုကိုလက်ခံပြီးပြီးချင်းမှာပဲ ကျေးဇူးတင်စကားကို ကိုရီးယားဘာသာစကားနဲ့ ပြောကြားခဲ့တာဖြစ်ပြီး ပွဲအတွင်းက ကိုရီးယားလူမျိုး တွေအားလုံး အံသြခဲ့ရသလို သူမကို ချီးလည်းချီးကျူးခဲ့ကြတာမို့ Video လေးနဲ့ တကွဖော်ပြပေးလိုက်ရပါတယ်နော်.. ဆယ်လီကမ္ဘာပရိသတ်ကြီးရေ..။Celegabar