ကိုးရီးယားမင္​းသာ​ေခ်ာ​ေလးနဲ႔ အရမ္​းအဆင္​​ေျပ​ေနပါတယ္​ဆိုတဲ့ နန္​းဆုဦး

ရုပ္ရွင္သရုပ္ေဆာင္ အဆိုေတာ္ နန္းဆုဦး ဟာ အၾကည့္ စူးရွၿပီး ဆြဲေဆာင္မႈ အျပည့္ ရွိတဲ ့မင္းသမီးတစ္ဦးပဲ ျဖစ္ပါတယ္။သူမ သီဆိုထားတဲ့ ” လြမ္းေနရဦးမယ္ ” သီခ်င္းဟာ လူငယ္ ေတြ ၾကားမွာ ေရပန္းစား ခဲ့ၿပီး သရုပ္ေဆာင္အျပင္ သီခ်င္းဆိုရတာကိုလည္း သေဘာက်တယ္လို႔လဲ သိရပါတယ္။ လွပတဲ့ေဘာ္ဒီ နဲ့ဆြဲေဆာင္မႈအျပည့္နဲ့ ထူးျခားတဲ့မ်က္ႏွာေပါက္နဲ႔မင္းသမီးေလးပဲ ျဖစ္ပါတယ္။ သူမရဲ့ အႏုပညာလႈပ္ရွားမႈနဲ႕ ေန႕စဥ္လႈပ္ရွားမႈေတြကိုသူမရဲ့လူမႈကြန္ရက္စာမ်က္ႏွာမွာေဖာ္ျပေလ့ရွိပါတယ္။

ကိုးရီးယားမင္​းသာ​ေခ်ာ​ေလးနဲ႔ အရမ္​းအဆင္​​ေျပ​ေနပါတယ္​ဆိုတဲ့ နန္​းဆုဦး 1

လတ္တေလာမွာေတာ့ ရင္ဝွက္ အကၡရာ (Silent Love) အခ်စ္ ႐ုပ္ရွင္ဇာတ္ကား ကို မင္းသားထြန္းကိုကိုနဲ႔ ကိုးရီးယားမင္းသား နဲ႕တြဲရုိက္ေနတယ္လို့သိရပါတယ္။ ဒီဇာတ္ကားကိုလက္ခံရုိက္ကူးရတဲ့အေၾကာင္းနဲ့ပတ္သက္ၿပီး ဇာတ္လမ္းကလည္းဆန္းတယ္။ကိုရီးယားActorလည္းပါတယ္။ ဒါ႐ုိက္တာဦးေအာင္ကိုလတ္လည္းပါတယ္။ဒါ႐ုိက္တာဦးေအာင္ကိုလတ္နဲ႔ဆံုခ်င္တာလည္းပါတယ္။သူနဲ႔ဆံုဖို့ကဘဝမွာတစ္ခါေလာက္ပဲ ျဖစ္မယ္။ ႐ုိက္ရမယ့္ေနရာေတြက ဘန္ေကာက္ရယ္၊ ပူတာအိုရယ္ ကိုရီးယာရယ္ မွာ႐ုိက္ရမွာျဖစ္ၿပီး ပုတာအိုမွာ႐ုိက္ၿပီးၿပီ။ ကိုရီးယာactor နဲ႔က ကီးေတာ္ေတာ္ကိုက္တယ္။ အေပးအယူအရမ္းမ်ွတယ္။ အလုပ္လုပ္လို႔အရမ္းအဆင္ေျပတယ္။

ကိုးရီးယားမင္​းသာ​ေခ်ာ​ေလးနဲ႔ အရမ္​းအဆင္​​ေျပ​ေနပါတယ္​ဆိုတဲ့ နန္​းဆုဦး 2

အခ်စ္ကားလည္းျဖစ္တာမို႔ ႏုႏုရြရြကာ႐ုိက္တာေလးေတြေပါ့ေနာ္။ နန္းစုကေ႐ွ႕မွာ ႐ုပ္႐ွင္ကားႀကီးက အခ်စ္ကားေတြမ႐ွိဘူး။ဒီကားေလးကအခ်စ္ကားျဖစ္ေနေတာ့ေတာ္ေတာ္ေလးကိုစိတ္ကိုေမြးယူရတယ္။ အခ်စ္သီခ်င္းေတြနားေထာင္တယ္။ႀကိဳတင္ျပင္ဆင္ရတဲ့အပိုင္းက ကာ႐ုိက္တာပိုင္းကိုျပင္ဆင္ရတယ္။ ဘာသာစကားကိုေတာ့ English လိုပဲေျပာၾကတယ္။သူတို႔ကအလုပ္လုပ္တာ အရမ္းကို ေစ့စပ္ေသခ်ာတယ္။ အလုပ္လုပ္တဲ့ အခ်ိန္စကားေတြေလ်ွာက္ေျပာေနတာလည္းမ႐ွိဘူး။သူတို႔ဆီကေလ့လာစရာ အတုယူစရာေတြအရမ္းမ်ားတယ္။ဒါ႐ုိက္တာကလည္း အလုပ္တင္မဟုတ္အစစအရာရာသင္ျပေပးတယ္ ” လို႔ေျပာျပလာခဲ့ပါတယ္။

 

ကိုးရီးယားမင္​းသာ​ေခ်ာ​ေလးနဲ႔ အရမ္​းအဆင္​​ေျပ​ေနပါတယ္​ဆိုတဲ့ နန္​းဆုဦး 3

ပရိသတ္ႀကီးေရာ နန္းစုဦးကိုအားေပးရင္ တစ္ခုခုမွတ္ခ်က္ေပးခဲ့ပါဦးေနာ္။Celegabar

Unicode Version

ရုပ်ရှင်သရုပ်ဆောင် အဆိုတော် နန်းဆုဦး ဟာ အကြည့် စူးရှပြီး ဆွဲဆောင်မှု အပြည့် ရှိတဲ့မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်။သူမ သီဆိုထားတဲ့ ” လွမ်းနေရဦးမယ် ” သီချင်းဟာ လူငယ် တွေ ကြားမှာ ရေပန်းစား ခဲ့ပြီး သရုပ်ဆောင်အပြင် သီချင်းဆိုရတာကိုလည်း သဘောကျတယ်လို့လဲ သိရပါတယ်။ လှပတဲ့ဘော်ဒီ နဲ့ဆွဲဆောင်မှုအပြည့်နဲ့ ထူးခြားတဲ့မျက်နှာပေါက်နဲ့မင်းသမီးလေးပဲ ဖြစ်ပါတယ်။ သူမရဲ့ အနုပညာလှုပ်ရှားမှုနဲ့ နေ့စဉ်လှုပ်ရှားမှုတွေကိုသူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြလေ့ရှိပါတယ်။

လတ်တလောမှာတော့ ရင်ဝှက် အက္ခရာ (Silent Love) အချစ် ရုပ်ရှင်ဇာတ်ကား ကို မင်းသားထွန်းကိုကိုနဲ့ ကိုးရီးယားမင်းသား နဲ့တွဲရိုက်နေတယ်လို့သိရပါတယ်။ ဒီဇာတ်ကားကိုလက်ခံရိုက်ကူးရတဲ့အကြောင်းနဲ့ပတ်သက်ပြီး ဇာတ်လမ်းကလည်းဆန်းတယ်။ကိုရီးယားActorလည်းပါတယ်။ ဒါရိုက်တာဦးအောင်ကိုလတ်လည်းပါတယ်။ဒါရိုက်တာဦးအောင်ကိုလတ်နဲ့ဆုံချင်တာလည်းပါတယ်။သူနဲ့ဆုံဖို့ကဘဝမှာတစ်ခါလောက်ပဲ ဖြစ်မယ်။ ရိုက်ရမယ့်နေရာတွေက ဘန်ကောက်ရယ်၊ ပူတာအိုရယ် ကိုရီးယာရယ် မှာရိုက်ရမှာဖြစ်ပြီး ပုတာအိုမှာရိုက်ပြီးပြီ။ ကိုရီးယာactor နဲ့က ကီးတော်တော်ကိုက်တယ်။ အပေးအယူအရမ်းမျှတယ်။ အလုပ်လုပ်လို့အရမ်းအဆင်ပြေတယ်။

အချစ်ကားလည်းဖြစ်တာမို့ နုနုရွရွကာရိုက်တာလေးတွေပေါ့နော်။ နန်းစုကရှေ့မှာ ရုပ်ရှင်ကားကြီးက အချစ်ကားတွေမရှိဘူး။ဒီကားလေးကအချစ်ကားဖြစ်နေတော့တော်တော်လေးကိုစိတ်ကိုမွေးယူရတယ်။ အချစ်သီချင်းတွေနားထောင်တယ်။ကြိုတင်ပြင်ဆင်ရတဲ့အပိုင်းက ကာရိုက်တာပိုင်းကိုပြင်ဆင်ရတယ်။ ဘာသာစကားကိုတော့ English လိုပဲပြောကြတယ်။သူတို့ကအလုပ်လုပ်တာ အရမ်းကို စေ့စပ်သေချာတယ်။ အလုပ်လုပ်တဲ့ အချိန်စကားတွေလျှောက်ပြောနေတာလည်းမရှိဘူး။သူတို့ဆီကလေ့လာစရာ အတုယူစရာတွေအရမ်းများတယ်။ဒါရိုက်တာကလည်း အလုပ်တင်မဟုတ်အစစအရာရာသင်ပြပေးတယ် ” လို့ပြောပြလာခဲ့ပါတယ်။ ပရိသတ်ကြီးရော နန်းစုဦးကိုအားပေးရင် တစ်ခုခုမှတ်ချက်ပေးခဲ့ပါဦးနော်။Celegabar