ကိုးရီးယားမင္းသားေခ်ာေလးနဲ႔ အတူ ကိုးရီးယားမွာ ရိုက္ကူးေရးေတြ စတင္ေနၿပီျဖစ္တဲ့ ေရႊကစ္ေလး

ပရိသတ္ေတြ ခ်စ္ရတဲ့ မင္းသမီးေခ်ာေလး ဝတ္မႈန္ေ႐ႊရည္ကေတာ့ လက္ရွိမွာ ” တိမ္ေတြေပၚက ပန္း” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးကို ႐ိုက္ကူးေနတာ ျဖစ္ပါတယ္။ ဒါ႐ိုက္တာ စင္ေရာ္ေမာင္ေမာင္နဲ႔ ဒါ႐ိုက္တာ မင္းသန႔္ေမာင္ေမာင္တို႔ ႐ိုက္ကူးပုံေဖာ္တဲ့ ဒီဇာတ္ကားႀကီးမွာေတာ့ မင္းသမီးေခ်ာေလး ေ႐ႊကစ္က ကိုရီးယားမင္းသားေခ်ာေလး Ryu Sang Wook နဲ႔အတူ တြဲဖက္သ႐ုပ္ေဆာင္ရတာ ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ ကစ္တို႔႐ုပ္ရွင္အဖြဲ႕သားေတြက ကိုရီးယားႏိုင္ငံမွာ ႐ိုက္ကူးေရးျပဳလုပ္ေနၿပီ ျဖစ္ပါတယ္။

ကိုးရီးယားမင္းသားေခ်ာေလးနဲ႔ အတူ ကိုးရီးယားမွာ ရိုက္ကူးေရးေတြ စတင္ေနၿပီျဖစ္တဲ့ ေရႊကစ္ေလး 1

ကိုးရီးယားမင္းသားေခ်ာေလးနဲ႔ အတူ ကိုးရီးယားမွာ ရိုက္ကူးေရးေတြ စတင္ေနၿပီျဖစ္တဲ့ ေရႊကစ္ေလး 2

ကိုးရီးယားမင္းသားေခ်ာေလးနဲ႔ အတူ ကိုးရီးယားမွာ ရိုက္ကူးေရးေတြ စတင္ေနၿပီျဖစ္တဲ့ ေရႊကစ္ေလး 3

ကိုရီးယားႏိုင္ငံကို ေရာက္ရွိေနတဲ့ ေ႐ႊကစ္ေလးက ဆိုးလ္ၿမိဳ႕မွာ က်င္းပျပဳလုပ္တဲ့ “2019 Asia Model Awards ” ဆုေပးပြဲႀကီးမွာလည္း “Asia Special Award ” ဆုကို ခ်ီးျမင့္ျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။ အခုလက္ရွိမွာေတာ့ ကစ္နဲ႔ ကိုရီးယားမင္းသားေခ်ာေလး Ryu Sang Wook တို႔က ကိုရီးယားႏိုင္ငံမွာပဲ ” တိမ္ေတြေပၚကပန္း” ႐ုပ္ရွင္ဇာတ္ကားႀကီးကို ဆက္လက္႐ိုက္ကူးေနတာ ျဖစ္ပါတယ္။ ကစ္ကေတာ့ သူမရဲ႕ပရိသတ္ေတြအတြက္ ကိုရီးယားခရီးစဥ္ေလးက ႏွစ္ပတ္ခန႔္ၾကာျမင့္မွာျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္။

ကိုးရီးယားမင္းသားေခ်ာေလးနဲ႔ အတူ ကိုးရီးယားမွာ ရိုက္ကူးေရးေတြ စတင္ေနၿပီျဖစ္တဲ့ ေရႊကစ္ေလး 4

ကိုးရီးယားမင္းသားေခ်ာေလးနဲ႔ အတူ ကိုးရီးယားမွာ ရိုက္ကူးေရးေတြ စတင္ေနၿပီျဖစ္တဲ့ ေရႊကစ္ေလး 5

ကိုးရီးယားမင္းသားေခ်ာေလးနဲ႔ အတူ ကိုးရီးယားမွာ ရိုက္ကူးေရးေတြ စတင္ေနၿပီျဖစ္တဲ့ ေရႊကစ္ေလး 6

ကိုရီးယားမင္းသားေခ်ာေလးက ေ႐ႊကစ္ရဲ႕ပခုံးေလးကိုဖက္ၿပီး အမွတ္တရ႐ိုက္ကူးထားတဲ့ ပုံရိပ္ေလးေတြကလည္း တကယ့္ကိုခ်စ္ဖို႔ေကာင္းေနတာ ျဖစ္ပါတယ္။ အခုလည္း ဒါ႐ိုက္တာ စင္ေရာ္ေမာင္ေမာင္က ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕ေလးကေန ဘူဆန္ၿမိဳ႕ကို ရထားနဲ႔ခရီးဆက္ေနတဲ့ သူတို႔႐ုပ္ရွင္အဖြဲ႕သားေတြရဲ႕ပုံေတြကိုလည္း မွ်ေဝေပးထားပါတယ္။

ကိုးရီးယားမင္းသားေခ်ာေလးနဲ႔ အတူ ကိုးရီးယားမွာ ရိုက္ကူးေရးေတြ စတင္ေနၿပီျဖစ္တဲ့ ေရႊကစ္ေလး 7

ကိုးရီးယားမင္းသားေခ်ာေလးနဲ႔ အတူ ကိုးရီးယားမွာ ရိုက္ကူးေရးေတြ စတင္ေနၿပီျဖစ္တဲ့ ေရႊကစ္ေလး 8

ကဲ ခ်စ္ပရိသတ္ေတြအတြက္ ကိုရီးယားေရာက္ ေ႐ႊကစ္ေလးတို႔ရဲ႕ပုံရိပ္ေတြကို တင္ဆက္ေပးလိုက္ပါတယ္ေနာ္။Myanmarload

Unicode Version

ပရိသတ်တွေ ချစ်ရတဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ လက်ရှိမှာ ” တိမ်တွေပေါ်က ပန်း” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ ဒါရိုက်တာ မင်းသန့်မောင်မောင်တို့ ရိုက်ကူးပုံဖော်တဲ့ ဒီဇာတ်ကားကြီးမှာတော့ မင်းသမီးချောလေး ရွှေကစ်က ကိုရီးယားမင်းသားချောလေး Ryu Sang Wook နဲ့အတူ တွဲဖက်သရုပ်ဆောင်ရတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ကစ်တို့ရုပ်ရှင်အဖွဲ့သားတွေက ကိုရီးယားနိုင်ငံမှာ ရိုက်ကူးရေးပြုလုပ်နေပြီ ဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ ရွှေကစ်လေးက ဆိုးလ်မြို့မှာ ကျင်းပပြုလုပ်တဲ့ “2019 Asia Model Awards ” ဆုပေးပွဲကြီးမှာလည်း “Asia Special Award ” ဆုကို ချီးမြင့်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ကစ်နဲ့ ကိုရီးယားမင်းသားချောလေး Ryu Sang Wook တို့က ကိုရီးယားနိုင်ငံမှာပဲ ” တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ဆက်လက်ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ကစ်ကတော့ သူမရဲ့ပရိသတ်တွေအတွက် ကိုရီးယားခရီးစဉ်လေးက နှစ်ပတ်ခန့်ကြာမြင့်မှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

ကိုရီးယားမင်းသားချောလေးက ရွှေကစ်ရဲ့ပခုံးလေးကိုဖက်ပြီး အမှတ်တရရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကလည်း တကယ့်ကိုချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ အခုလည်း ဒါရိုက်တာ စင်ရော်မောင်မောင်က ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လေးကနေ ဘူဆန်မြို့ကို ရထားနဲ့ခရီးဆက်နေတဲ့ သူတို့ရုပ်ရှင်အဖွဲ့သားတွေရဲ့ပုံတွေကိုလည်း မျှဝေပေးထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကိုရီးယားရောက် ရွှေကစ်လေးတို့ရဲ့ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။Myanmarload

Be the first to comment

Leave a Reply

Your email address will not be published.


*