ကိုသားႀကီးသာသက္ရွိထင္ရွုားရွိေနမယ္ဆိုရင္ ကြ်န္ေတာ္မင္းသားမလုပ္ပဲ ထုတ္လုပ္သူလုပ္ျဖစ္မွာပါဆိုတဲ့ ေနမင္း

ျပည္ပ မွျမန္မာႏိုင္ငံကိုျပန္ေရာက္လာခ့ဲသည့္အခ်ိန္မွာအကယ္ဒမီေဒြးသာသက္ရွိထင္ရွားရွိေနေသးရင္ သရုပ္ေဆာင္ အလုပ္ကို မလုပ္ဘဲ ေဒြးဇာတ္ကားေတြကိုသာထုတ္လုပ္သည့္ ထုတ္လုပ္သူ အျဖစ္ရပ္တည္ခ်င္ေၾကာင္းသရုပ္ေဆာင္ ေနမင္းက အကုန္သိသတင္းဌာန ကိုရင္ဖြင့္ေျပာၾကားခ့ဲပါသည္။သရုပ္ေဆာင္ ေနမင္း က အကယ္ဒမီေဒြးႏွင့္ မဆံုေတြ႕ခဲ့ေသာ္လည္း အတုယူခ့ဲရတာေတြ အမ်ားႀကီးရွိသည့္အျပင္ ေဒြး သီဆိုခဲ့သည့္ “စၾကာ၀ဠာကိုဗဟိုျပဳ၍ “ ဆိုသည့္သီခ်င္းကိုဇာတ္ ၀င္ေတးအျဖစ္ျပန္လည္သီဆိုခ့ဲဖူးေၾကာင္းေျပာျပခဲ့သည္။

ကိုသားႀကီးသာသက္ရွိထင္ရွုားရွိေနမယ္ဆိုရင္ ကြ်န္ေတာ္မင္းသားမလုပ္ပဲ ထုတ္လုပ္သူလုပ္ျဖစ္မွာပါဆိုတဲ့ ေနမင္း 1

“ ကိုသားႀကီး(ေဒြး) နဲ႕ ကြ်န္ေတာ္မဆံုျဖစ္လိုက္ဘူးဆိုေပမယ့္ အနုပညာသမားေတြအခ်င္းခ်င္းေတာ့ dictionary တစ္အုပ္လိုလည္း ျဖစ္တယ္။ ေနာက္တစ္ခုကေတာ့ ကြ်န္ေတာ့္ အနုပညာရဲ႕ ေရေသာက္ ျမစ္တစ္ခုလည္းျဖစ္တယ္။ကြ်န္ေတာ္တို႕ ဆင့္ပြားကူးယူခ့ဲရတ့ဲ အနုပညာေတြလည္းရွိတယ္။ အတုယူ ခ့ဲတာရွိတယ္ အမ်ားႀကီးပါပဲ။

ကိုသားႀကီးသာသက္ရွိထင္ရွုားရွိေနမယ္ဆိုရင္ ကြ်န္ေတာ္မင္းသားမလုပ္ပဲ ထုတ္လုပ္သူလုပ္ျဖစ္မွာပါဆိုတဲ့ ေနမင္း 2

ကြ်န္ေတာ္ႀက္ိဳက္လြန္းအားႀကီးလြန္းလို႕ ကိုသားႀကီး သီခ်င္း ကို ျပန္ဆိုထားတာေတြလည္းရွိတယ္။ကြ်န္ေတာ့္ ဇာတ္ကားေလးေတြထဲမွာ အဲဒါေလးေတြျပန္သုံးျဖစ္တယ္။ ဇာတ္၀င္ေတး အျဖစ္ျပန္ ဆိုျဖစ္တယ္။ “စႀကၤ၀ဠာကို ဗဟိုျပဳ၍ “ ဆိုတ့ဲသီခ်င္းကို အစ္ကို ့အသံနဲ႕ ကြ်န္ေတာ့္ အသံေလးကိုေရာ ၿပီးေတာ့ ဆိုၿပီး ဇာတ္ကားထဲမွာ ျပန္သုံးထားေသးတယ္။သူျမန္မာျပည္ကိုျပန္ေရာက္လာတဲ့အခ်ိန္ကိုသားႀကီးသာသက္ရွိထင္ရွုားရွိေနမယ္ဆိုရင္ ကြ်န္ေတာ္မင္းသားမလုပ္ပဲ ထုတ္လုပ္သူပဲ လုပ္ျဖစ္မွာပါ။” ဟု ေနမင္း က ေျပာျပခ့ဲသည္။

ကိုသားႀကီးသာသက္ရွိထင္ရွုားရွိေနမယ္ဆိုရင္ ကြ်န္ေတာ္မင္းသားမလုပ္ပဲ ထုတ္လုပ္သူလုပ္ျဖစ္မွာပါဆိုတဲ့ ေနမင္း 3

အကယ္ဒမီေဒြးက အနုပညာသမားေတြအတြက္ ေလးစားအားက်ရသည့္ သူတစ္ဦးျဖစ္သလို ဇာတ္ကား ေပါင္းမ်ားစြာကိုမတူညီသည့္ ကာရိုက္တာမ်ိဳးစုံျဖင့္ သရုပ္ေဆာင္တတ္ေသာ သူတစ္ဦး ျဖစ္ေၾကာင္းလည္း ေနမင္း က ဆက္လက္ေျပာျပခဲ့သည္။အကယ္ဒမီ ေဒြး မွာ ၂၀၀၇ ခုနွစ္ ဇူလိုင္လ၁၁ရက္ေန႕တြင္ နွလုံးေရာဂါျဖင့္ သူ႕၏ ေနအိမ္မွာ ေသဆုံး သြားခ့ဲတာျဖစ္ျပီး ယခုဆိုလွ်င္ ၁၂ ႏွစ္တိုင္ခဲ့ၿပီျဖစ္သည္။

Unicode Version

ပြည်ပ မှမြန်မာနိုင်ငံကိုပြန်ရောက်လာခဲ့သည့်အချိန်မှာအကယ်ဒမီဒွေးသာသက်ရှိထင်ရှားရှိနေသေးရင် သရုပ်ဆောင် အလုပ်ကို မလုပ်ဘဲ ဒွေးဇာတ်ကားတွေကိုသာထုတ်လုပ်သည့် ထုတ်လုပ်သူ အဖြစ်ရပ်တည်ချင်ကြောင်းသရုပ်ဆောင် နေမင်းက အကုန်သိသတင်းဌာန ကိုရင်ဖွင့်ပြောကြားခဲ့ပါသည်။

သရုပ်ဆောင် နေမင်း က အကယ်ဒမီဒွေးနှင့် မဆုံတွေ့ခဲ့သော်လည်း အတုယူခဲ့ရတာတွေ အများကြီးရှိသည့်အပြင် ဒွေး သီဆိုခဲ့သည့် “စကြာဝဠာကိုဗဟိုပြု၍ “ ဆိုသည့်သီချင်းကိုဇာတ် ဝင်တေးအဖြစ်ပြန်လည်သီဆိုခဲ့ဖူးကြောင်းပြောပြခဲ့သည်။

“ ကိုသားကြီး(ဒွေး) နဲ့ ကျွန်တော်မဆုံဖြစ်လိုက်ဘူးဆိုပေမယ့် အနုပညာသမားတွေအချင်းချင်းတော့ dictionary တစ်အုပ်လိုလည်း ဖြစ်တယ်။ နောက်တစ်ခုကတော့ ကျွန်တော့် အနုပညာရဲ့ ရေသောက် မြစ်တစ်ခုလည်းဖြစ်တယ်။ကျွန်တော်တို့ ဆင့်ပွားကူးယူခဲ့ရတဲ့ အနုပညာတွေလည်းရှိတယ်။ အတုယူ ခဲ့တာရှိတယ် အများကြီးပါပဲ။

ကျွန်တော်ြကိုက်လွန်းအားကြီးလွန်းလို့ ကိုသားကြီး သီချင်း ကို ပြန်ဆိုထားတာတွေလည်းရှိတယ်။ကျွန်တော့် ဇာတ်ကားလေးတွေထဲမှာ အဲဒါလေးတွေပြန်သုံးဖြစ်တယ်။ ဇာတ်ဝင်တေး အဖြစ်ပြန် ဆိုဖြစ်တယ်။ “စြင်္ကဝဠာကို ဗဟိုပြု၍ “ ဆိုတဲ့သီချင်းကို အစ်ကို့အသံနဲ့ ကျွန်တော့် အသံလေးကိုရော ပြီးတော့ ဆိုပြီး ဇာတ်ကားထဲမှာ ပြန်သုံးထားသေးတယ်။သူမြန်မာပြည်ကိုပြန်ရောက်လာတဲ့အချိန်ကိုသားကြီးသာသက်ရှိထင်ရှုားရှိနေမယ်ဆိုရင် ကျွန်တော်မင်းသားမလုပ်ပဲ ထုတ်လုပ်သူပဲ လုပ်ဖြစ်မှာပါ။” ဟု နေမင်း က ပြောပြခဲ့သည်။

အကယ်ဒမီဒွေးက အနုပညာသမားတွေအတွက် လေးစားအားကျရသည့် သူတစ်ဦးဖြစ်သလို ဇာတ်ကား ပေါင်းများစွာကိုမတူညီသည့် ကာရိုက်တာမျိုးစုံဖြင့် သရုပ်ဆောင်တတ်သော သူတစ်ဦး ဖြစ်ကြောင်းလည်း နေမင်း က ဆက်လက်ပြောပြခဲ့သည်။အကယ်ဒမီ ဒွေး မှာ ၂၀၀၇ ခုနှစ် ဇူလိုင်လ၁၁ရက်နေ့တွင် နှလုံးရောဂါဖြင့် သူ့၏ နေအိမ်မှာ သေဆုံး သွားခဲ့တာဖြစ်ပြီး ယခုဆိုလျှင် ၁၂ နှစ်တိုင်ခဲ့ပြီဖြစ်သည်။