ကိုယ္​့ကိုကို ျပန္​ကယ္​​ေပးပါလို႔ ရဲတိုက္​ကို ​ေတာင္​းဆိုခဲ့တဲ့ ပရိတ္​သတ္​​တစ္​ဦး

သ႐ုပ္ေဆာင္ မင္းသားေခ်ာ ရဲတိုက္ကေတာ့ က်ရာဇာတ္႐ုပ္တိုင္းကို စိတ္ေရာကိုယ္ပါႏွစ္ၿပီး သဘာဝက်က် ပီပီျပင္ျပင္နဲ႔ အေကာင္းဆုံးသ႐ုပ္ေဆာင္တတ္တဲ့ ျပည္သူခ်စ္ အႏုပညာရွင္တစ္ဦး ျဖစ္ပါတယ္။ တစ္မူထူးျခားတဲ့ပုံစံနဲ႔ မ်က္လုံးအၾကည့္ေတြကအစ အသက္ဝင္ေအာင္ သ႐ုပ္ေဖာ္ႏိုင္တဲ့ ရဲတိုက္က မူးယစ္ေဆးဝါးမႈနဲ႔ ျပစ္ဒဏ္က်ခံခဲ့ရသူလည္း ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ ရဲတိုက္က သူရဲ႕အျပစ္ေတြအားလုံးကို ေဆးေၾကာသန႔္စင္ၿပီးၿပီျဖစ္တာေၾကာင့္ အႏုပညာေလာကကို ျပန္လည္အေျခခ်ခဲ့တာ ျဖစ္ပါတယ္။

ကိုယ္​့ကိုကို ျပန္​ကယ္​​ေပးပါလို႔ ရဲတိုက္​ကို ​ေတာင္​းဆိုခဲ့တဲ့ ပရိတ္​သတ္​​တစ္​ဦး 1

ကိုယ္​့ကိုကို ျပန္​ကယ္​​ေပးပါလို႔ ရဲတိုက္​ကို ​ေတာင္​းဆိုခဲ့တဲ့ ပရိတ္​သတ္​​တစ္​ဦး 2

ကိုယ္​့ကိုကို ျပန္​ကယ္​​ေပးပါလို႔ ရဲတိုက္​ကို ​ေတာင္​းဆိုခဲ့တဲ့ ပရိတ္​သတ္​​တစ္​ဦး 3

ရဲတိုက္က ေထာင္ကလြတ္ေျမာက္ၿပီးၿပီးခ်င္းမွာ ” ဒ႑ာရီမိုး ” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးကို လက္ခံ႐ိုက္ကူးခဲ့တာျဖစ္ၿပီး မၾကာခင္မွာလည္း ပရိသတ္ေတြက ရဲတိုက္ရဲ႕ထူးျခားေျပာင္ေျမာက္တဲ့ သ႐ုပ္ေဆာင္မႈေတြကို ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။ သူ႔ကိုခ်စ္ခင္အားေပးၾကတဲ့ ပရိသတ္ေတြထဲက တစ္ေယာက္ကလည္း ရဲတိုက္အတြက္ စိတ္ခြန္အားေတြျဖစ္ေစမယ့္ စာတစ္ေစာင္ကို ေရးသားခဲ့ပါတယ္။ ရဲတိုက္ရဲ႕ပရိသတ္က အရက္၊ေဆးလိပ္နဲ႔ မူးယစ္ေဆးဝါးေတြေၾကာင့္ ေထာင္ထဲေရာက္တဲ့ အထိျဖစ္သြားၿပီး သ႐ုပ္ေဆာင္ဘဝ ဇာတ္သိမ္းၿပီလို႔ Hollywood တစ္ခုလုံးက ႏွေျမာခဲ့ရတဲ့ ကမာၻေက်ာ္သ႐ုပ္ေဆာင္ Robert Downey Jr. (Ironman ) ရဲ႕အေၾကာင္းကိုေျပာျပၿပီး ရဲတိုက္အတြက္ စာေရးခဲ့တာပဲ ျဖစ္ပါတယ္။

ကိုယ္​့ကိုကို ျပန္​ကယ္​​ေပးပါလို႔ ရဲတိုက္​ကို ​ေတာင္​းဆိုခဲ့တဲ့ ပရိတ္​သတ္​​တစ္​ဦး 4

ကိုယ္​့ကိုကို ျပန္​ကယ္​​ေပးပါလို႔ ရဲတိုက္​ကို ​ေတာင္​းဆိုခဲ့တဲ့ ပရိတ္​သတ္​​တစ္​ဦး 5

သူေျပာျပထားတာကေတာ့ ” သို႔…..ကိုရဲတိုက္ ကြၽန္ေတာ္ ခင္ဗ်ားရဲ႕ ပရိသတ္ပါ ပေဟဠိနတ္သမီး က အစ ဆာတိုရီရဲ႕ မင္းသားျဖစ္တဲ့ အထိ အေခြဌားဆိုင္မွာ ရဲတိုက္ ကားေလးခ်န္ထားေပးပါလို႔ ေက်ာင္းက အျပန္ က်ဴရွင္က အျပန္ သြားသြားမွာေနတဲ့ ေက်ာပိုးအိတ္နဲ႔ ခ်ာတိတ္ တစ္ေကာင္ ခင္ဗ်ား ဆိုးေနလဲ ခင္ဗ်ားက ကြၽန္ေတာ္တို႔ရဲ႕ ရဲတိုက္ပဲ ခင္ဗ်ား ကိုခ်စ္တဲ့ ပရိသတ္ ေမွ်ာ္ေနတဲ့ ပရိသတ္ မေမ့ေသးတဲ့ ပရိသတ္ေတြေတာင္ ဒီအႏုပညာေလာကထဲမွာ ေနရာရေနၾကတဲ့လူေတြျဖစ္ကုန္ၿပီ ခင္ဗ်ားသိလား? ကြၽန္ေတာ္တို႔ ဘယ္ေလာက္ ခင္ဗ်ားကိုခ်စ္ခ်စ္ ခင္ဗ်ားကိုယ္ ခင္ဗ်ား မခ်စ္ရင္ အလကားဘဲ အရင္လို ျပန္မလိုခ်င္ဘူးဗ်ာ ဆိုးခဲ့တဲ့ အရာေတြနဲ႔ ေလာကႀကီးအေၾကာင္း စာတတ္ၿပီးသား ရဲတိုက္ ကို ျမင္ခ်င္တယ္ ကြၽန္ေတာ္တို႔ကို အားနာဗ်ာ ဆုေတာင္းခဲ့တယ္ ဆုေတာင္းေနတုန္းပဲ ကိုယ့္ကိုယ္ ကိုယ္ ျပန္ကယ္ေပးပါ။

ကိုယ္​့ကိုကို ျပန္​ကယ္​​ေပးပါလို႔ ရဲတိုက္​ကို ​ေတာင္​းဆိုခဲ့တဲ့ ပရိတ္​သတ္​​တစ္​ဦး 6

ကိုယ္​့ကိုကို ျပန္​ကယ္​​ေပးပါလို႔ ရဲတိုက္​ကို ​ေတာင္​းဆိုခဲ့တဲ့ ပရိတ္​သတ္​​တစ္​ဦး 7

ကိုယ္​့ကိုကို ျပန္​ကယ္​​ေပးပါလို႔ ရဲတိုက္​ကို ​ေတာင္​းဆိုခဲ့တဲ့ ပရိတ္​သတ္​​တစ္​ဦး 8

ခင္ဗ်ားရဲ႕ပရိသတ္ ” ဆိုၿပီး ေရးသားခဲ့တာပဲ ျဖစ္ပါတယ္။ ရဲတိုက္ကိုခ်စ္ၾကတဲ့ ပရိသတ္ေတြလည္း သိရွိေစဖို႔ စာအျပည့္အစုံကို ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။Myanmarload

Unicode Version

သရုပ်ဆောင် မင်းသားချော ရဲတိုက်ကတော့ ကျရာဇာတ်ရုပ်တိုင်းကို စိတ်ရောကိုယ်ပါနှစ်ပြီး သဘာဝကျကျ ပီပီပြင်ပြင်နဲ့ အကောင်းဆုံးသရုပ်ဆောင်တတ်တဲ့ ပြည်သူချစ် အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ တစ်မူထူးခြားတဲ့ပုံစံနဲ့ မျက်လုံးအကြည့်တွေကအစ အသက်ဝင်အောင် သရုပ်ဖော်နိုင်တဲ့ ရဲတိုက်က မူးယစ်ဆေးဝါးမှုနဲ့ ပြစ်ဒဏ်ကျခံခဲ့ရသူလည်း ဖြစ်ပါတယ်။ အခုချိန်မှာတော့ ရဲတိုက်က သူရဲ့အပြစ်တွေအားလုံးကို ဆေးကြောသန့်စင်ပြီးပြီဖြစ်တာကြောင့် အနုပညာလောကကို ပြန်လည်အခြေချခဲ့တာ ဖြစ်ပါတယ်။

ရဲတိုက်က ထောင်ကလွတ်မြောက်ပြီးပြီးချင်းမှာ ” ဒဏ္ဍာရီမိုး ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို လက်ခံရိုက်ကူးခဲ့တာဖြစ်ပြီး မကြာခင်မှာလည်း ပရိသတ်တွေက ရဲတိုက်ရဲ့ထူးခြားပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ သူ့ကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေထဲက တစ်ယောက်ကလည်း ရဲတိုက်အတွက် စိတ်ခွန်အားတွေဖြစ်စေမယ့် စာတစ်စောင်ကို ရေးသားခဲ့ပါတယ်။ ရဲတိုက်ရဲ့ပရိသတ်က အရက်၊ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးတွေကြောင့် ထောင်ထဲရောက်တဲ့ အထိဖြစ်သွားပြီး သရုပ်ဆောင်ဘဝ ဇာတ်သိမ်းပြီလို့ Hollywood တစ်ခုလုံးက နှမြောခဲ့ရတဲ့ ကမ္ဘာကျော်သရုပ်ဆောင် Robert Downey Jr. (Ironman ) ရဲ့အကြောင်းကိုပြောပြပြီး ရဲတိုက်အတွက် စာရေးခဲ့တာပဲ ဖြစ်ပါတယ်။

သူပြောပြထားတာကတော့ ” သို့…..ကိုရဲတိုက် ကျွန်တော် ခင်ဗျားရဲ့ ပရိသတ်ပါ ပဟေဠိနတ်သမီး က အစ ဆာတိုရီရဲ့ မင်းသားဖြစ်တဲ့ အထိ အခွေဌားဆိုင်မှာ ရဲတိုက် ကားလေးချန်ထားပေးပါလို့ ကျောင်းက အပြန် ကျူရှင်က အပြန် သွားသွားမှာနေတဲ့ ကျောပိုးအိတ်နဲ့ ချာတိတ် တစ်ကောင် ခင်ဗျား ဆိုးနေလဲ ခင်ဗျားက ကျွန်တော်တို့ရဲ့ ရဲတိုက်ပဲ ခင်ဗျား ကိုချစ်တဲ့ ပရိသတ် မျှော်နေတဲ့ ပရိသတ် မမေ့သေးတဲ့ ပရိသတ်တွေတောင် ဒီအနုပညာလောကထဲမှာ နေရာရနေကြတဲ့လူတွေဖြစ်ကုန်ပြီ ခင်ဗျားသိလား? ကျွန်တော်တို့ ဘယ်လောက် ခင်ဗျားကိုချစ်ချစ် ခင်ဗျားကိုယ် ခင်ဗျား မချစ်ရင် အလကားဘဲ အရင်လို ပြန်မလိုချင်ဘူးဗျာ ဆိုးခဲ့တဲ့ အရာတွေနဲ့ လောကကြီးအကြောင်း စာတတ်ပြီးသား ရဲတိုက် ကို မြင်ချင်တယ် ကျွန်တော်တို့ကို အားနာဗျာ ဆုတောင်းခဲ့တယ် ဆုတောင်းနေတုန်းပဲ ကိုယ့်ကိုယ် ကိုယ် ပြန်ကယ်ပေးပါ။ ခင်ဗျားရဲ့ပရိသတ် ” ဆိုပြီး ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။ ရဲတိုက်ကိုချစ်ကြတဲ့ ပရိသတ်တွေလည်း သိရှိစေဖို့ စာအပြည့်အစုံကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်။Myanmarload