ကိုယ်​တိုင်​ HIV ကူးစက်​ခံပြီး အခြားသူ​တွေကိုပါ ကူးစက်​​အောင်​ ယုတ်​မာတဲ့​ကောင်​ ​ထောင်​ဒဏ်​ နှစ်​၅၀ကျ

အသက်(၂၅)နှစ်အရွယ် စတီဖင်ကို့ခ်ျလို့ အမည်ရတဲ့ အမျိုးသားဟာ သူ့ကိုယ်တိုင် HIV ရည်ရွယ်ချက်ရှိရှိနဲ့ အကူးစက်ခံခဲ့ပြီး၊ တစ်ခြားသူတွေကိုလည်း ပြန်လည်ကူးစက်စေလိုခဲ့ကြောင်း ဝန်ခဲ့ပါတယ်။

ကိုယ်​တိုင်​ HIV ကူးစက်​ခံပြီး အခြားသူ​တွေကိုပါ ကူးစက်​​အောင်​ ယုတ်​မာတဲ့​ကောင်​ ​ထောင်​ဒဏ်​ နှစ်​၅၀ကျ 1

သူဟာ အပြစ်ရှိကြောင်း ထင်ရှားပေါ်ပေါက်ခဲ့တဲ့အတွက် တရားရုံးက ထောင်ဒဏ်နှစ်(၅၀) ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။စတီဖင်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က လူတစ်ဦးကို တမင် HIV ကူးစေဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ချေဖျက်ပေးဖို့ အယူခံဝင်ခဲ့ပေမယ့် တရားသူကြီးတွေက ပယ်ချခဲ့ကြောင်း သိရပါတယ်။

အမေရိကန်၊ အာကန်ဆက်ပြည်နယ်မှာ နေထိုင်တဲ့ စတီဖင်ဟာ ဒီပြစ်မှုတစ်ခုတည်းကြောင့် ထောင်ဒဏ်ချမှတ်ခံရတာတော့ မဟုတ်ပါဘူး။သူဟာ မူးယစ်ဆေးဝါးမှု (၁၀)မှု၊ ကလေးသူငယ် ညစ်ညမ်းဗွီဒီယိုများ လက်ဝယ်ပိုင်ဆိုင်မှု စတဲ့ ပြစ်မှုတွေနဲ့ စုပေါင်းထောင်ဒဏ် အနှစ်(၅၀) ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုယ်​တိုင်​ HIV ကူးစက်​ခံပြီး အခြားသူ​တွေကိုပါ ကူးစက်​​အောင်​ ယုတ်​မာတဲ့​ကောင်​ ​ထောင်​ဒဏ်​ နှစ်​၅၀ကျ 2

သူရဲ့မက်ဆေ့အသွားအပြန်တွေကို စစ်ဆေးတဲ့အခါမှာလည်း သူဟာ သူ့ကိုယ်သူ HIV တမင်ကူးစက်အောင်လုပ်ကာ တစ်ခြားသူတွေကို ပြန်လည်ကူးစက်စေဖို့ ရည်ရွယ်ခဲ့တယ်ဆိုတာ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ဒီဖြစ်ရပ်တွေကို တရားသူကြီး ရော်ဘင်ဂရင်းက စစ်ဆေးမေးမြန်းခဲ့ရာမှာ စတီဖင်က အပြစ်အားလုံးကို ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိတော့သူ့ဆီကနေ အခြားတစ်စုံတစ်ယောက်ဆီကို HIV ကူးစက်စေခဲ့မှု ရှိ မရှိကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။

တရားသူကြီးရော်ဘင်ရဲ့ မှတ်ချက်မှာတော့ “သင်က တစ်ခြားသူတွေကို HIV ကူးစက်စေဖို့ တမင် ရည်ရွယ်ချက်ရှိသလား” လို့ မေးတဲ့အခါ “ဟုတ် ရှိခဲ့ပါတယ်” လို့ ဝန်ခံခဲ့ပြီး၊ဘယ်နှစ်ယောက်ကို ကူးစက်စေခဲ့သလဲဆိုတဲ့ အဓိက မေးခွန်းကိုတော့ တရားသူကြီးဘက်ကလည်း မမေးခဲ့သလို၊ စတီဖင်ကလည်း မဖြေကြားခဲ့ပါဘူး။

ကိုယ်​တိုင်​ HIV ကူးစက်​ခံပြီး အခြားသူ​တွေကိုပါ ကူးစက်​​အောင်​ ယုတ်​မာတဲ့​ကောင်​ ​ထောင်​ဒဏ်​ နှစ်​၅၀ကျ 3

စတီဖင်ဟာ ထောင်ဒဏ်နှစ်(၅၀)အပြင်၊ ဆိုင်းငံ့ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် သူဟာ ထောင်ထဲမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်သူ တရားခံအဖြစ် မှတ်တမ်းတင်ခြင်းခံရမှာ ဖြစ်ပြီး ထောင်ထဲမှာလည်း လိင်ပိုင်ဆိုင်ရာတရားခံတွေကို သီးခြားကုသရေးအစီအစဉ်ကိုလည်း ပြီးဆုံးသည်အထိ တက်ရောက်ရမှာဖြစ်ကြောင်း သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*