ကိုယ္ပိုင္အရည္အခ်င္း ကိုယ့္အစြမ္းအစနဲ႔ အိမ္ေလးတစ္လံုးပိုင္ခ်င္တယ္ဆိုတဲ့ မိုးစက္ဝုိင္

ျမန္မာဂုဏ္ေဆာင္ အလွမယ္ မိုးစက္ဝိုင္ကေတာ့ ေမာ္ဒယ္တေယာက္အေနနဲ႔ ရပ္တည္ေနျပီး ယခုေနာက္ပိုင္းမွာေတာ့ ပရိသတ္ အခိုင္အမာ ရရွိလာတာေၾကာင့္ ရုပ္ရွင္ကားၾကီးေတြကိုပါ ရိုက္ေနျပီ ျဖစ္ပါတယ္။ မိုးစက္ဝိုင္ကေတာ့ ရုပ္ရွင္ကားၾကီးေတြ အမ်ားၾကီးကို မရိုက္ေပမယ့္လည္း ရိုက္ထားတဲ့ ကားေလးေတြေတာ့ ရွိတယ္လို႔ ေျပာၾကားသြား ခဲ့ပါတယ္။ ထို႔ေနာက္ သူ႔ရဲ့ ကိုယ္ပိုင္အိမ္ေလးကို ပိုင္ဖို႔ စိတ္ကူးရွိလားဆိုတဲ့ သေဘာေလးကိုလည္း ေဆြးေႏြးသြား ခဲ့ပါတယ္။

ကိုယ္ပိုင္အရည္အခ်င္း ကိုယ့္အစြမ္းအစနဲ႔ အိမ္ေလးတစ္လံုးပိုင္ခ်င္တယ္ဆိုတဲ့ မိုးစက္ဝုိင္ 1

မင္းသမီးေခ်ာ မိုးစက္ဝိုင္ကေတာ့ ဆယ္လီရပ္ကြက္နဲ႔ အင္တာဗ်ဴးမွာေတာ့ အိမ္တလံုးပိုင္ဖို႔႔ စိတ္ကူးရွိလားဆိုတဲ့ အေပၚမွာေတာ့ “ကိုယ့္အရည္အခ်င္းနဲ႔ေတာ့ မပိုင္ေသးပါဘူး။ ဒါကေတာ့ အမွန္အတိုင္း ဝန္ခံတာေပါ့။ ေနစရာေတာ့ ရွိပါတယ္။ မိဘက ေပးတာေပါ့။ ဒါေပမယ့္လည္း မိုးစက္အေနနဲ႔ ကိုယ္ပိုင္အရည္အခ်င္း ကိုယ့္အစြမ္းအစနဲ႔ေတာ့ အိမ္ေလးတလံုး ပိုင္ခ်င္ပါတယ္။ ဒါေပမယ့္လည္း မိုးစက္တို႔ စျပီးေတာ့ ၾကိဳးစားတဲ့ အခ်ိန္မွာပဲ အိမ္ေစ်းေတြက တက္သြားတယ္ေပါ့ေနာ္။ ဟိုးအရင္တုန္းကဆို အဲ့လိုမ်ိဳး မဟုတ္ဘူးေလ။ အခုက်မွ ဝုန္းကနဲတက္သြားေတာ့ ျပန္ျပီးေတာ့ ၾကိဳးစားရမွာေပါ့”

ကိုယ္ပိုင္အရည္အခ်င္း ကိုယ့္အစြမ္းအစနဲ႔ အိမ္ေလးတစ္လံုးပိုင္ခ်င္တယ္ဆိုတဲ့ မိုးစက္ဝုိင္ 2

စိတ္ကူးထဲက အိမ္ပံုစံေလးနဲ႔ ပတ္သက္ျပီး “အိမ္ေလးက လွရမယ္။ ပစၥည္းေလးေတြ အစံုရွိရမယ္။ ျပီးေတာ့ အပင္ေလးေတြနဲ႔ အလင္းေရာင္ေလးေတြရရမယ္။ မိသားစုဆန္ဆန္ေလး ျဖစ္ေနရမယ္ေပါ့ေနာ္။ Luxury ဆန္တာကေတာ့ သိပ္မၾကိဳက္ဘူး။ ေအးတိေအးစက္ႏိုင္တယ္လို႔ ခံစားရတယ္။ စိမ္းစိမ္းၾကီးျဖစ္တယ္လို႔ထင္တယ္။ အေဖအေမ ေပးေနထားတဲ့ အိမ္မွာေတာ့ အပင္ေလးေတြန႔ဲ ေသခ်ာလုပ္ထားပါတယ္”

ကိုယ္ပိုင္အရည္အခ်င္း ကိုယ့္အစြမ္းအစနဲ႔ အိမ္ေလးတစ္လံုးပိုင္ခ်င္တယ္ဆိုတဲ့ မိုးစက္ဝုိင္ 3

ရုပ္ရွင္ကားၾကီးေတြ ဆက္ရိုက္ဖို႔ရွိေသးလားဆိုတဲ့ အေပၚမွာေတာ့ “မိုးစက္ကလည္း နဂိုကတည္းက အဲ့လိုရုပ္ရွင္ကားၾကီးေတြ သိပ္ျပီးေတာ ့မရိုက္ျဖစ္ေနဘူးေလ။ ဒါေပမယ့္လည္း အခုရိုက္မယ့္ ဇာတ္ကားတကားရွိတယ္ေလ။ အဲ့ကားက်ရင္ေတာ့ အားေပးၾကပါလို႔။

ကိုယ္ပိုင္အရည္အခ်င္း ကိုယ့္အစြမ္းအစနဲ႔ အိမ္ေလးတစ္လံုးပိုင္ခ်င္တယ္ဆိုတဲ့ မိုးစက္ဝုိင္ 4

သရုပ္ေဆာင္တာကေတာ့ နည္းနည္းေလးေတာ့ အဆင္ေျပလာမယ္ထင္တာပဲ။ ဘာလို႔လဲဆိုေတာ့ အရင္တုန္းက နည္းနည္းေလးမွ သရုပ္မေဆာင္ဖူးဘူးေလ။ သရုပ္မေဆာင္ဖူးေတာ့ ကင္မရာေထာင္လိုက္ရင္ ဘယ္လိုလုပ္ရမလဲဆိုတာ မသိဘူး။ ဒါေပမယ့္လည္း ကိုေနတိုးတို႔ ကိုသားညီတို႔ကေတာ့ သင္ေပးပါတယ္။ မိုးစက္က နည္းနည္းေလးလည္း ရွက္တတ္ေတာ့ေလ” ဆိုျပီး ေျပာၾကားသြား ခဲ့ပါတယ္။Nanmalgyi

Unicode Version

မြန်မာဂုဏ်ဆောင် အလှမယ် မိုးစက်ဝိုင်ကတော့ မော်ဒယ်တယောက်အနေနဲ့ ရပ်တည်နေပြီး ယခုနောက်ပိုင်းမှာတော့ ပရိသတ် အခိုင်အမာ ရရှိလာတာကြောင့် ရုပ်ရှင်ကားကြီးတွေကိုပါ ရိုက်နေပြီ ဖြစ်ပါတယ်။ မိုးစက်ဝိုင်ကတော့ ရုပ်ရှင်ကားကြီးတွေ အများကြီးကို မရိုက်ပေမယ့်လည်း ရိုက်ထားတဲ့ ကားလေးတွေတော့ ရှိတယ်လို့ ပြောကြားသွား ခဲ့ပါတယ်။ ထို့နောက် သူ့ရဲ့ ကိုယ်ပိုင်အိမ်လေးကို ပိုင်ဖို့ စိတ်ကူးရှိလားဆိုတဲ့ သဘောလေးကိုလည်း ဆွေးနွေးသွား ခဲ့ပါတယ်။

မင်းသမီးချော မိုးစက်ဝိုင်ကတော့ ဆယ်လီရပ်ကွက်နဲ့ အင်တာဗျူးမှာတော့ အိမ်တလုံးပိုင်ဖို့ စိတ်ကူးရှိလားဆိုတဲ့ အပေါ်မှာတော့ “ကိုယ့်အရည်အချင်းနဲ့တော့ မပိုင်သေးပါဘူး။ ဒါကတော့ အမှန်အတိုင်း ဝန်ခံတာပေါ့။ နေစရာတော့ ရှိပါတယ်။ မိဘက ပေးတာပေါ့။ ဒါပေမယ့်လည်း မိုးစက်အနေနဲ့ ကိုယ်ပိုင်အရည်အချင်း ကိုယ့်အစွမ်းအစနဲ့တော့ အိမ်လေးတလုံး ပိုင်ချင်ပါတယ်။ ဒါပေမယ့်လည်း မိုးစက်တို့ စပြီးတော့ ကြိုးစားတဲ့ အချိန်မှာပဲ အိမ်ဈေးတွေက တက်သွားတယ်ပေါ့နော်။ ဟိုးအရင်တုန်းကဆို အဲ့လိုမျိုး မဟုတ်ဘူးလေ။ အခုကျမှ ဝုန်းကနဲတက်သွားတော့ ပြန်ပြီးတော့ ကြိုးစားရမှာပေါ့”

စိတ်ကူးထဲက အိမ်ပုံစံလေးနဲ့ ပတ်သက်ပြီး “အိမ်လေးက လှရမယ်။ ပစ္စည်းလေးတွေ အစုံရှိရမယ်။ ပြီးတော့ အပင်လေးတွေနဲ့ အလင်းရောင်လေးတွေရရမယ်။ မိသားစုဆန်ဆန်လေး ဖြစ်နေရမယ်ပေါ့နော်။ Luxury ဆန်တာကတော့ သိပ်မကြိုက်ဘူး။ အေးတိအေးစက်နိုင်တယ်လို့ ခံစားရတယ်။ စိမ်းစိမ်းကြီးဖြစ်တယ်လို့ထင်တယ်။ အဖေအမေ ပေးနေထားတဲ့ အိမ်မှာတော့ အပင်လေးတွေနဲ့ သေချာလုပ်ထားပါတယ်”

ရုပ်ရှင်ကားကြီးတွေ ဆက်ရိုက်ဖို့ရှိသေးလားဆိုတဲ့ အပေါ်မှာတော့ “မိုးစက်ကလည်း နဂိုကတည်းက အဲ့လိုရုပ်ရှင်ကားကြီးတွေ သိပ်ပြီးတော့မရိုက်ဖြစ်နေဘူးလေ။ ဒါပေမယ့်လည်း အခုရိုက်မယ့် ဇာတ်ကားတကားရှိတယ်လေ။ အဲ့ကားကျရင်တော့ အားပေးကြပါလို့။

သရုပ်ဆောင်တာကတော့ နည်းနည်းလေးတော့ အဆင်ပြေလာမယ်ထင်တာပဲ။ ဘာလို့လဲဆိုတော့ အရင်တုန်းက နည်းနည်းလေးမှ သရုပ်မဆောင်ဖူးဘူးလေ။ သရုပ်မဆောင်ဖူးတော့ ကင်မရာထောင်လိုက်ရင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူး။ ဒါပေမယ့်လည်း ကိုနေတိုးတို့ ကိုသားညီတို့ကတော့ သင်ပေးပါတယ်။ မိုးစက်က နည်းနည်းလေးလည်း ရှက်တတ်တော့လေ” ဆိုပြီး ပြောကြားသွား ခဲ့ပါတယ်။Nanmalgyi

Be the first to comment

Leave a Reply

Your email address will not be published.


*