ကိုယ်က Crush လိုက်တဲ့သူတိုင်း ကိုယ့်ကိုရည်းစားစကား လာပြောကြတယ်ဆိုတဲ့ စန်းပွင့်တဲ့ အကြောင်းလေးတွေ ပြောပြလာတဲ့ မတ်မတ်သင်ဇာ
ကိုယ်က Crush လိုက်တဲ့သူတိုင်း ကိုယ့်ကိုရည်းစားစကား လာပြောကြတယ်ဆိုတဲ့ စန်းပွင့်တဲ့ အကြောင်းလေးတွေ ပြောပြလာတဲ့ မတ်မတ်သင်ဇာ 1
ကိုယ်က Crush လိုက်တဲ့သူတိုင်း ကိုယ့်ကိုရည်းစားစကား လာပြောကြတယ်ဆိုတဲ့ စန်းပွင့်တဲ့ အကြောင်းလေးတွေ ပြောပြလာတဲ့ မတ်မတ်သင်ဇာ 2
ကိုယ်က Crush လိုက်တဲ့သူတိုင်း ကိုယ့်ကိုရည်းစားစကား လာပြောကြတယ်ဆိုတဲ့ စန်းပွင့်တဲ့ အကြောင်းလေးတွေ ပြောပြလာတဲ့ မတ်မတ်သင်ဇာ 3
ကိုယ်က Crush လိုက်တဲ့သူတိုင်း ကိုယ့်ကိုရည်းစားစကား လာပြောကြတယ်ဆိုတဲ့ စန်းပွင့်တဲ့ အကြောင်းလေးတွေ ပြောပြလာတဲ့ မတ်မတ်သင်ဇာ 4
Unicode Version
ပရိသတ်အားပေးမှု အခိုက်အမာ ရရှိထားတဲ့ မြန်မာနိုင်ငံရဲ့ အမိုက်စား မော်ဒယ် မင်းသမီး သင်ဇာဝင့်ကျော်ကတော့ သူငယ်ငယ်တုန်းက Crush ခဲ့တဲ့ သူတွေနဲ့ ဘယ်လို အမှတ်တရတွေ ရှိခဲ့လည်းဆိုတာကို ပြောကြားသွားပြီး မြင့်မြတ်နဲ့ ရိုက်ခဲ့တဲ့ ရုပ်ရှင်ကားအကြောင်းကိုလည်း ပြောပြသွားခဲ့ပါတယ်။ ထို့နောက် မင်းသားမြင့်မြတ်ကိုလည်း ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။
ကိုယ်က Crush နေတဲ့သူတွေ ရှိခဲ့ဖူးလားဆိုတဲ့ အပေါ်မှာတော့ “ကိုယ်က Crush လိုက်တဲ့သူတိုင်း ကိုယ့်ကိုရည်းစားစကား လာပြောကြတယ်ပေါ့နော်။ အဲ့လို စန်းပေါ့။ ငယ်ငယ်ကတည်းက အဲ့လိုမျိုးပဲ။ အဲ့လိုမျိုး ပြောလိုက်ပြန်ရင်လည်း သင်ဇာက မ Crush တော့ ပြန်ဘူး။ ငယ်ငယ်ကတည်းက အဲ့လိုစိတ်ပါ။ လွယ်လွယ် ရရင် တန်ဖိုးမထားတတ်ဘူး။ သင်ဇာရဲ့ စိတ်က အဲ့လိုမျိုးပါ”
ကိုမြင့်မြတ်နဲ့ နောက်ထပ် မင်းသမီး ၂ ယောက်နဲ့အတူ ဇာတ်ကားလေးနဲ့ ပတ်သက်ပြီး “အစက သင်ဇာ အဲ့ဇာတ်ကားကို ငြင်းလိုက်သေးတယ်။ မင်းသမီးကလည်း ၃ ယောက်ဆိုတော့လေ။ နောက်မှ ဇာတ်ညွန်းတွေ သေချာဖတ်လိုက်တော့ စိတ်ဝင်စားစရာကားလေး ဖြစ်နေတာနဲ့ လက်ခံလိုက်တာပါ။ နောက်ပိုင်းမှာ သင်ဇာက မင်းသမီးများတဲ့ ဇာတ်တွေဆို မရိုက်ပဲ ငြင်းထားတာ များတယ်။ ဒီဇာတ်ကားလေးကလည်း နောက်ဆုံးဖြစ်မှာပါ။ ကိုမြင့်မြတ်ကလည်း သေချာလုပ်ထားတာမို့ ဒီကားလေးက ကားကောင်းတကား ဖြစ်မှာပါ။ လာကြည့်ကြပါလို့ ပြောချင်ပါတယ်”
မြင့်မြတ်နဲ့ တွဲပြီး သရုပ်ဆောင်ရတဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး “သူနဲ့တွဲပြီး ရိုက်ရမယ့် ကားတွေ ရှိပါတယ်။ ဒါပေမယ့် သင်ဇာနေမကောင်းတာတို့ Accident ဖြစ်တာတို့ကြောင့် သူနဲ့ ရိုက်ရမယ့် ဇာတ်ကားတွေ လွတ်သွားတယ်။ မရိုက်ဖြစ်လိုက်ဘူးပေါ့။ သူကတော်တော် ကြိုးစားပါတယ်။ သူက မင်းသား အသစ်ပဲ ရှိဦးမယ်။
သင်ဇာတို့ကတော့ အနုပညာလောကထဲ စ ဝင်နေပြီပေါ့နော်။ အဲ့ကတည်းက သူ့ပါရမီနဲ့ သူ့ရဲ့ စန်း ကြောင့် ဒီလိုနေရာမျိုးရောက်တာ အံ့သြစရာတော့ မလိုပါဘူး။ သူဆို ဘော်ဒီတွေ ဘာတွေလည်း မကစားထားဘူးလေ။ ဒါပေမယ့်လည်း ဘယ်လိုမျိုး ပင်ပန်းတာ ရိုက်ရိုက် မဖျားဘူး။ မနာဘူး။ ဇွဲရှိတယ်” ဆိုပြီး မြင့်မြတ်နဲ့ ပတ်သက်ပြီး ပြောကြားသွား ခဲ့ပါတယ်။Nanmalgyi