ကားတိုက်ခံရတဲ့ ဇာတ်ဝင်ခန်းကို သဲထိပ်ရင်ဖို ရိုက်ကူးထားတဲ့ မြင့်မြတ်ရဲ့ Video File
ကားတိုက်ခံရတဲ့ ဇာတ်ဝင်ခန်းကို သဲထိပ်ရင်ဖို ရိုက်ကူးထားတဲ့ မြင့်မြတ်ရဲ့ Video File 1
ကားတိုက်ခံရတဲ့ ဇာတ်ဝင်ခန်းကို သဲထိပ်ရင်ဖို ရိုက်ကူးထားတဲ့ မြင့်မြတ်ရဲ့ Video File 2
ကားတိုက်ခံရတဲ့ ဇာတ်ဝင်ခန်းကို သဲထိပ်ရင်ဖို ရိုက်ကူးထားတဲ့ မြင့်မြတ်ရဲ့ Video File 3
ကားတိုက်ခံရတဲ့ ဇာတ်ဝင်ခန်းကို သဲထိပ်ရင်ဖို ရိုက်ကူးထားတဲ့ မြင့်မြတ်ရဲ့ Video File 4
သည်းထိပ်ရင်ဖို ရိုက်ကွင်းပုံရိပ်
Unicode Version
ပရိသတ်တွေရဲ့ ကြားမှာ သဏ္ဍာန်လုပ်သရုပ်တူအောင် ရိုက်ကူးနိုင်တဲ့ မင်းသားဆိုပြီး ချစ်ခင်အားပေးခြင်းခံထားရတဲ့ သရုပ်ဆောင် မြင့်မြတ်ဟာ ယခုအခါမှာလဲ ပရိသတ်တွေရှော့ရသွားစေမယ့် ဇာတ်ဝင်ခန်းမျိုးကို ရိုက်ကူးလာပြီဘဲ ဖြစ်ပါတယ်။ သူဟာ တစ္ဆေများနှင့် ပျော်မြူးခြင်း ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်တဲ့ ကားတိုက်ခံရတဲ့ ဇာတ်ဝင်ခန်းကို သဲထိပ်ရင်ဖို ရိုက်ကူးထားပုံကတော့ အရမ်းကို စိတ်လှုပ်ရှားစရာကောင်းလှပါတယ်။
မြင့်မြတ် က ဟာသဇာတ်ရုပ်တွေကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်သလို၊ ဒရမ်မာဇာတ်ရုပ်တွေကလဲ သူ့အတွက် အကောင်းဆုံး ဖြစ်စေနိုင်တဲ့ သရုပ်ဆောင်ချက်တွေကို ဖန်တီးပေးပါတယ်။ သူက ယခုအခါမှာလဲ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ရုပ်ရှင်ကားတွေများစွာရိုက်ကူးလာရသလို ရုံတင်တဲ့ရုပ်ရှင်ကားတိုင်းမှာလဲ သူ့ကားမပါတဲ့ လဆိုတာအရမ်းကိုရှားပါတယ်။
ယခုအခါမှာလဲ သြဂုတ်လ (၁)ရက်နေ့မှာ ရုံတင်ပြသမယ့် တစ္ဆေများနှင့် ပျော်မြူးခြင်း ရုပ်ရှင်ဇာတ်ကားကြီး ကိုရိုက်ကူး ခဲ့စဉ်က အသည်းယားစရာကောင်းတဲ့ ဇာတ်ဝင်ခန်းတချို့ရဲ့ ဗီဒီယို အပိုင်းအစလေးတွေ ကိုဖော်ပြပေးလိုက်ပါတယ်နော်။ အဲ့ဒီဇာတ်ဝင်ခန်းမှာ သရုပ်ဆောင်ရတာက မြင့်မြတ်နဲ့ကေညီဖြစ်ပြီး သူတို့နှစ်ယောက်ကို ကားထဲထည့်ပြီး လှည့်လိုက် တဲ့အခါ ဓာတ်ဆီတွေပေါက်ကျလာတဲ့ အချိန်မှာဆိုရင် အရမ်းကြောက်ခဲ့ရပါတယ် ဆိုပြီးလဲ သူတို့နှစ်ယောက်က ပြောပြခဲ့ပါတယ်။
ဘယ်လိုတွေ စိတ်လှုပ်ရှားစရာကောင်းအောင် ရိုက်ကူးထားလဲဆိုတာကို ချစ်ရတဲ့ပရိသတ်ကြီးက ရိုက်ကွင်းပုံစံတွေကို ကြည့်ရင် သိရှိနိုင်မှာပါ ။ကြည်ရှူ့ပေးသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။
Be the first to comment
Leave a Reply
Your email address will not be published.
*