ကာရိုက်တာအသစ်တစ်ခုအတွက် ဆံပင်ညှပ်လိုက်ရတဲ့ ပိုးကြာဖြူခင်
ကာရိုက်တာအသစ်တစ်ခုအတွက် ဆံပင်ညှပ်လိုက်ရတဲ့ ပိုးကြာဖြူခင် 1
ကာရိုက်တာအသစ်တစ်ခုအတွက် ဆံပင်ညှပ်လိုက်ရတဲ့ ပိုးကြာဖြူခင် 2
ကာရိုက်တာအသစ်တစ်ခုအတွက် ဆံပင်ညှပ်လိုက်ရတဲ့ ပိုးကြာဖြူခင် 3
ကာရိုက်တာအသစ်တစ်ခုအတွက် ဆံပင်ညှပ်လိုက်ရတဲ့ ပိုးကြာဖြူခင် 4
ကာရိုက်တာအသစ်တစ်ခုအတွက် ဆံပင်ညှပ်လိုက်ရတဲ့ ပိုးကြာဖြူခင် 5
ကာရိုက်တာအသစ်တစ်ခုအတွက် ဆံပင်ညှပ်လိုက်ရတဲ့ ပိုးကြာဖြူခင် 6
Unicode Version
ပိုးကြာဖြူခင်ကတော့ MRTV-4ကထုတ်လွှင့်ပြသခဲ့တဲ့ ဝင်္ကပါ စံအိမ်၊မိုးကောင်းကင် အိမ်မက်၊ကြယ်ကလေးရဲ့ ကောင်းကင် စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေ ပရိသတ်အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ကျရာဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တာကြောင့် လူကြီး လူငယ်မရွေးအားပေးချစ်ခင်မှုကို ရရှိထားတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။
ဟန်ဆောင်မှုကင်းပြီး မာန်မာနမရှိရိုးသားပွင့်လင်းတဲ့ မင်းသမီးလေးဖြစ်တာကြောင့် သူမကို အားပေးချစ်ခင်တဲ့ ပရိသတ်တွေကိုလည်း ရင်းရင်းနှီးနှီးနဲ့ ပြန်လည်ဆက်ဆံတတ်တာလည်းအမှန်ပါ။ လတ်တလောမှာလည်း သူမကဇာတ်လမ်းတွဲ အသစ်လေးတစ်ခုကို ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာသွားရောက် ရိုက်ကူးတော့မှာပဲဖြစ်ပါတယ်။
ပိုးကြာဖြူခင်က သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ “ပြောင်းလဲမှုလေးတစ်ခု။ ဆေးစက်ကျရာ အရုပ်ထင်ရတဲ့ သရုပ်ဆောင်ဘဝမို့ ကိုယ်မြတ်နိုးတဲ့ အရာတွေကို တစ်ခါတစ်လေမှာတော့ စွန့်လွှတ်ခဲ့ရတယ်။ ကာရိုက်တာ အသစ် တစ်ခုအတွက် ဆံပင်အ ရောင်ရော ဆံပင် ပုံစံ ရော ပြောင်းလိုက်ပါပြီ။”လို့ ဇာတ်လမ်းတွဲအသစ်လေးက ကာရိုက်တာအသစ်လေးအတွက် အမြတ်တနိုးထားထားတဲ့ ဆံပင်လေးတွေကို ညှပ်ခဲ့တာကို ဖော်ပြထားတာဖြစ်ပြီး “ပြောင်းလဲမှုတွေ ဘယ်လောက်များများ ပရိတ်သတ်ကို ချစ်တဲ့အချစ် က တော့ ဘယ်တော့မ ပြောင်းလဲမသွားပါဘူ။း ချစ်တယ် နော်။”လိုလည်းဖော်ပြထားပါသေးတယ်။ပရိသတ်ကြီးထဲမှာရော ပိုးကြာဖြူခင်ရဲ့ အမာခံ ပရိသတ်တွေရှိလား ဖြေပေးခဲ့ပါဦးနော်။