ကာဗာလုပ္ၿပီးလာေၾကာင္တာမ်ိဳးေတြ ရွိခဲ့ဖူးတယ္ဆုိတဲ့ ပိုးၾကာျဖဴခင္

ေမာ္ဒယ္တစ္ေယာက္အေနနဲ႔ႏွစ္ေတြအၾကာၾကီးလုပ္ေနခဲ့ၿပီး အခုခ်ိန္မွာေတာ့ ဇာတ္လမ္းေတြမွာသ႐ုပ္ေဆာင္အျဖစ္ပါဝင္သ႐ုပ္ေဆာင္ေနတဲ့ သ႐ုပ္ေဆာင္ေမာ္ဒယ္ ပိုးၾကာျဖဴခင္ကေတာ့သူရဲ႕အိမ္ေထာင္ဘက္ေရြးခ်ယ္မႈအေပၚထားတဲ့ အယူအဆေတြရယ္ ၊ သူကိုလာၿပီးခ်ဥ္းကပ္သူတခ်ိဳ႕မွာႀကံဳခဲ့ရတဲ့ အေတြ႔အႀကံဳေတြကို Myanmarload TVနဲ႔အင္တာဗ်ဴးတစ္ခုမွာေျပာျပထားတာ႐ိွပါတယ္။ သူေျပာျပသြားတဲ့အေၾကာင္းေတြကို ေျပာခ်င္လြန္းလို႔ မိတ္ေဆြေတြကို ျပန္ေျပာျပေပးလုိက္ပါတယ္။

ကာဗာလုပ္ၿပီးလာေၾကာင္တာမ်ိဳးေတြ ရွိခဲ့ဖူးတယ္ဆုိတဲ့ ပိုးၾကာျဖဴခင္ 1

အိမ္ေထာင္ဘက္ေရြးခ်ယ္တဲ့အခ်ိန္မွာ အဓိကကေတာ့ သူနဲ႔ကိုယ္နဲ႔စိတ္တူကိုယ္တူ ျဖစ္ဖို႔ကအေရးႀကီးတယ္။ေနာက္ၿပီးေတာ့ ကိုယ္နဲ႔သူႏွစ္ေယာက္တည္းေပါင္းတာမဟုတ္ဘူး အသိုင္းဝိုင္းႏွစ္ဖက္စလံုး ပါဝင္ပါလာၿပီေပါ့ေနာ္ ။ သူ႕အသိုင္းဝိုင္းကိုယ့္အသိုင္းဝိုင္းအဆင္ေျပႏိုင္လားဆိုတာၾကည့္ရမယ္။ အဓိကကေတာ့ သူလူေကာင္းဟုတ္လားမဟုတ္လား ၿပီးေတာ့အခုေခတ္ကလည္းသိတဲ့အတိုင္းပဲ ေယာက္်ားအစစ္ျဖစ္ရဲ႕လား အဲ့ဒါလည္းအေရးႀကီးတယ္။ လူေကာင္း ဟုတ္လားမဟုတ္လားဆိုတာလည္းအေရးႀကီးတယ္။ ေနာက္တစ္ခုက သူရဲ႕အသိုင္းဝုိင္းမွာ သူက မိသားစုကိုခ်စ္ျမတ္ႏိုးတဲ့သူ တန္ဖိုးထားတဲ့သူဟုတ္လားမဟုတ္လား ဆိုတာပါေသးတယ္။ သူ႔မိသားစုမွာမွ သူနဲ႔အဆင္မေျပဘူးဆိုရင္ကိုယ္နဲ႔လည္းအဆင္ေျပမွာမဟုတ္ဘူးေလ။ အဲ့ဒီေတာ့မိသားစုနဲ႔အဆင္ေျပႏိုင္တဲ့သူလည္းျဖစ္ဖို႔လိုတယ္။ အဓိကကေတာ့ကုိယ့္ကိုခ်စ္ဖို႔ရယ္။ ေနာက္ၿပီးေတာ့ ကိုယ့္ကိုခ်စ္လြန္းလို႔အဆံုး႐ံႈးမခံႏိုင္လို႔ယူလိုက္တယ္ဆိုတဲ့ပံုစံမ်ိဳးပဲျဖစ္ရမယ္။

ကာဗာလုပ္ၿပီးလာေၾကာင္တာမ်ိဳးေတြ ရွိခဲ့ဖူးတယ္ဆုိတဲ့ ပိုးၾကာျဖဴခင္ 2

လာၿပီးေတာ့ကာဗာလုပ္ၿပီးလာေၾကာင္တာမ်ိဳးေတြလည္း႐ိွတယ္။ သူတို႔ကို႐ွက္သြားမွာလည္းဆိုးတယ္။ အဲ့ဒီေတာ့အလိမၼာနည္းနဲ႔ပဲျငင္းတယ္။ ဘယ္လိုလဲဆိုေတာ့ ေမာင္ေလးကအရမ္းေခ်ာေနလို႔အစ္မကမတြဲခ်င္ဘူး ။ေျပာခ်င္တာက ကုိယ့္ထက္လွေနလို႔ (ရယ္လ်က္)။ အဲ့ဒီလိုပဲေျပာလႊတ္လိုက္ရတဲ့သူေတြလည္းအမ်ားႀကီး ပါပဲ။ မိန္းကေလးေတြအေနနဲ႔ေတာ့ကိုယ္တိုင္ေသခ်ာၾကည့္။

ကာဗာလုပ္ၿပီးလာေၾကာင္တာမ်ိဳးေတြ ရွိခဲ့ဖူးတယ္ဆုိတဲ့ ပိုးၾကာျဖဴခင္ 3

ကာဗာလုပ္ၿပီးလာေၾကာင္တာမ်ိဳးေတြ ရွိခဲ့ဖူးတယ္ဆုိတဲ့ ပိုးၾကာျဖဴခင္ 4

တခ်ိဳ႕ကက်ေတာ့လည္းမသိသာဘူး ။ ေသခ်ာၿပီးေတာ့ ဒါမ်ိဳးကိုမွလက္ခံႏိုင္လို႔ခ်စ္တယ္ဆိုလို႔တြဲတယ္ဆိုရင္ေတာ့တစ္မ်ိဳးေပါ့ေနာ္။တခ်ိဳ႕မသိလို႔ဆိုရင္လည္း သူရဲ႕အသိုင္းဝိုင္းမွာ သူရဲ႕ပတ္ဝန္းက်င္မွာေလ့လာၾကည့္ပါ။ေယာက္်ားေလးတစ္ေယာက္ဆိုတာ အခုေတြ႔ အခုျမင္ အခုႀကိဳက္ အခုယူလိုက္ဆိုတာမ်ိဳးလုပ္လို႔မရဘူး အမ်ားႀကီးေသခ်ာစဥ္းစားၿပီးေတာ့မွပဲလက္တြဲသင့္ပါတယ္ဆိုၿပီးေျပာျပသြားပါတယ္။Nanmalgyi

Unicode Version

မော်ဒယ်တစ်ယောက်အနေနဲ့နှစ်တွေအကြာကြီးလုပ်နေခဲ့ပြီး အခုချိန်မှာတော့ ဇာတ်လမ်းတွေမှာသရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်နေတဲ့ သရုပ်ဆောင်မော်ဒယ် ပိုးကြာဖြူခင်ကတော့သူရဲ့အိမ်ထောင်ဘက်ရွေးချယ်မှုအပေါ်ထားတဲ့ အယူအဆတွေရယ် ၊ သူကိုလာပြီးချဉ်းကပ်သူတချို့မှာကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို Myanmarload TVနဲ့အင်တာဗျူးတစ်ခုမှာပြောပြထားတာရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ မိတ်ဆွေတွေကို ပြန်ပြောပြပေးလိုက်ပါတယ်။

အိမ်ထောင်ဘက်ရွေးချယ်တဲ့အချိန်မှာ အဓိကကတော့ သူနဲ့ကိုယ်နဲ့စိတ်တူကိုယ်တူ ဖြစ်ဖို့ကအရေးကြီးတယ်။နောက်ပြီးတော့ ကိုယ်နဲ့သူနှစ်ယောက်တည်းပေါင်းတာမဟုတ်ဘူး အသိုင်းဝိုင်းနှစ်ဖက်စလုံး ပါဝင်ပါလာပြီပေါ့နော် ။ သူ့အသိုင်းဝိုင်းကိုယ့်အသိုင်းဝိုင်းအဆင်ပြေနိုင်လားဆိုတာကြည့်ရမယ်။ အဓိကကတော့ သူလူကောင်းဟုတ်လားမဟုတ်လား ပြီးတော့အခုခေတ်ကလည်းသိတဲ့အတိုင်းပဲ ယောက်ျားအစစ်ဖြစ်ရဲ့လား အဲ့ဒါလည်းအရေးကြီးတယ်။ လူကောင်း ဟုတ်လားမဟုတ်လားဆိုတာလည်းအရေးကြီးတယ်။ နောက်တစ်ခုက သူရဲ့အသိုင်းဝိုင်းမှာ သူက မိသားစုကိုချစ်မြတ်နိုးတဲ့သူ တန်ဖိုးထားတဲ့သူဟုတ်လားမဟုတ်လား ဆိုတာပါသေးတယ်။ သူ့မိသားစုမှာမှ သူနဲ့အဆင်မပြေဘူးဆိုရင်ကိုယ်နဲ့လည်းအဆင်ပြေမှာမဟုတ်ဘူးလေ။ အဲ့ဒီတော့မိသားစုနဲ့အဆင်ပြေနိုင်တဲ့သူလည်းဖြစ်ဖို့လိုတယ်။ အဓိကကတော့ကိုယ့်ကိုချစ်ဖို့ရယ်။ နောက်ပြီးတော့ ကိုယ့်ကိုချစ်လွန်းလို့အဆုံးရှုံးမခံနိုင်လို့ယူလိုက်တယ်ဆိုတဲ့ပုံစံမျိုးပဲဖြစ်ရမယ်။

လာပြီးတော့ကာဗာလုပ်ပြီးလာကြောင်တာမျိုးတွေလည်းရှိတယ်။ သူတို့ကိုရှက်သွားမှာလည်းဆိုးတယ်။ အဲ့ဒီတော့အလိမ္မာနည်းနဲ့ပဲငြင်းတယ်။ ဘယ်လိုလဲဆိုတော့ မောင်လေးကအရမ်းချောနေလို့အစ်မကမတွဲချင်ဘူး ။ပြောချင်တာက ကိုယ့်ထက်လှနေလို့ (ရယ်လျက်)။ အဲ့ဒီလိုပဲပြောလွှတ်လိုက်ရတဲ့သူတွေလည်းအများကြီး ပါပဲ။ မိန်းကလေးတွေအနေနဲ့တော့ကိုယ်တိုင်သေချာကြည့်။

တချို့ကကျတော့လည်းမသိသာဘူး ။ သေချာပြီးတော့ ဒါမျိုးကိုမှလက်ခံနိုင်လို့ချစ်တယ်ဆိုလို့တွဲတယ်ဆိုရင်တော့တစ်မျိုးပေါ့နော်။တချို့မသိလို့ဆိုရင်လည်း သူရဲ့အသိုင်းဝိုင်းမှာ သူရဲ့ပတ်ဝန်းကျင်မှာလေ့လာကြည့်ပါ။ယောက်ျားလေးတစ်ယောက်ဆိုတာ အခုတွေ့ အခုမြင် အခုကြိုက် အခုယူလိုက်ဆိုတာမျိုးလုပ်လို့မရဘူး အများကြီးသေချာစဉ်းစားပြီးတော့မှပဲလက်တွဲသင့်ပါတယ်ဆိုပြီးပြောပြသွားပါတယ်။Nanmalgyi

Be the first to comment

Leave a Reply

Your email address will not be published.


*