ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ ျမန္မာအသင္းႏွင့္ ဂ်ပန္အသင္းတို႔ ယေန႔ယွဥ္ၿပိဳင္ကစားေတာ့မည္

၂၀၂၂ ကမာၻ႔ ဖလားႏွင့္ ၂၀၂၃ အာရွ ဖလား ဒုတိယအဆင့္ေျခစစ္ပြဲ အုပ္စု ပြဲစဥ္(၂) ကို စက္တင္ဘာ ၁၀ ရက္ (ယေန႔) ဆက္လက္က်င္းပမည္ျဖစ္ၿပီး ျမန္မာအသင္းသည္ အိမ္ကြင္းပြဲအျဖစ္ အာရွထိပ္သီးဂ်ပန္အသင္းႏွင့္ ယွဥ္ၿပိဳင္ ကစားရမည္ျဖစ္သည္။ ယင္းပြဲကို ယေန႔ ညေန ၆ နာရီ မိနစ္ ၅၀ တြင္ ရန္ကုန္ၿမိဳ႕ရွိ သုဝဏၰကြင္း၌ က်င္းပမည္ျဖစ္သည္။

ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ ျမန္မာအသင္းႏွင့္ ဂ်ပန္အသင္းတို႔ ယေန႔ယွဥ္ၿပိဳင္ကစားေတာ့မည္ 1

ျမန္မာ-ဂ်ပန္ပြဲအတြက္ ပြဲႀကိဳ သတင္းစာရွင္းလင္းပြဲကို စက္တင္ဘာ ၉ ရက္ မြန္းလြဲ ၂ နာရီက အင္းလ်ားလိတ္ ဟိုတယ္၌ က်င္းပရာ ႏွစ္ဖက္အသင္း နည္းျပခ်ဳပ္မ်ား တက္ေရာက္ခဲ့သည္။ ျမန္မာအသင္းနည္းျပခ်ဳပ္ ရာဒူလိုဗစ္က ”ကြၽန္ေတာ္တို႔အသင္းက အဖြင့္ပြဲမွာ မြန္ဂိုလီးယားကို အေဝးကြင္းမွာ ရႈံးနိမ့္ ခဲ့ပါတယ္။ ေဘာလုံးပိုင္ဆိုင္မႈအသာ၊ ဂိုးသြင္းခြင့္ေတြ အမ်ားႀကီးရခဲ့ေပမယ့္ အာ႐ုံစူးစိုက္မႈေလ်ာ့နည္းမႈ တစ္ခုကေန ဂိုးေပးလိုက္ရတာ ျဖစ္ပါတယ္။ စင္ကာပူ ကို အႏိုင္ရခဲ့တဲ့ေျခစမ္းပြဲလို ကစားႏိုင္ ခဲ့ေပမယ့္ ကံမေကာင္းဘဲ အေရးနိမ့္ခဲ့ ပါတယ္။ ကြၽန္ေတာ္တို႔ ဒုတိယပြဲအျဖစ္ ကစားရမယ့္ ဂ်ပန္အသင္းက အာရွရဲ႕ ထိပ္ဆုံးမွာရွိတဲ့အသင္း ျဖစ္ပါတယ္။ ဒီပြဲက ကြၽန္ေတာ္တို႔အတြက္ စိန္ေခၚမႈ တစ္ခုပါပဲ။ ေသခ်ာတာကေတာ့ ဂ်ပန္ နဲ႔ပြဲမွာ အေပါင္းလကၡဏာေဆာင္တဲ့ ရလဒ္မ်ိဳးရေအာင္ ကစားမွာပါ။ အေကာင္းဆုံး ႀကိဳးစားကစားမွာပါ။ ကြၽန္ေတာ္တို႔အသင္းက ၂၀၂၀ ဆူဇူကီး ဖလားၿပိဳင္ပြဲအတြက္ ရည္႐ြယ္ တည္ေဆာက္ေနတာျဖစ္ၿပီး လာမယ့္ပြဲ ေတြအတြက္ ျပင္ဆင္စရာရွိတာေတြ၊ ေျပာင္းလဲစရာရွိတာေတြကို ေျပာင္းလဲ သြားရမွာပါ”ဟု ေျပာၾကားသည္။ ျမန္မာ့ လက္ေ႐ြးစင္အသင္း ေနာက္ခံလူ ေဇာ္မင္းထြန္းက ”မြန္ဂိုလီးယားကို ရႈံးခဲ့ေပမယ့္ ကြၽန္ေတာ္တို႔ ကစားသမား ၾကားမွာ စည္းလုံးမႈၿပိဳကြဲတာ မရွိပါဘူး။ အရင္အတိုင္း ညီၫြတ္မႈရွိပါတယ္။ ဂ်ပန္ နဲ႔ပြဲမွာ ကြၽန္ေတာ္တို႔ပိုၿပီး ႀကိဳးစား သြားမွာပါ”ဟု ေျပာၾကားသည္။

ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ ျမန္မာအသင္းႏွင့္ ဂ်ပန္အသင္းတို႔ ယေန႔ယွဥ္ၿပိဳင္ကစားေတာ့မည္ 2

ဂ်ပန္ လက္ေ႐ြးစင္အသင္း နည္းျပခ်ဳပ္ မိုရီယာဆုက ” ဒီပြဲက ကမာၻ႔ ဖလားေျခစစ္ပြဲမွာ ပထမဆုံးကစားရတဲ့ပြဲ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ အသင္းက ကမာၻ႔ ဖလားေျခစစ္ပြဲေအာင္ဖို႔ ေမွ်ာ္မွန္း ထားတာေၾကာင့္ ပြဲတိုင္းက အေရးႀကီးပါ တယ္။ ျမန္မာအသင္းက အသင္းေကာင္း တစ္သင္းျဖစ္သလို ႏိုင္ငံျခားသားနည္းျပ နဲ႔ ျပင္ဆင္ထားတာျဖစ္ပါတယ္။ မြန္ဂို လီးယားကို ရႈံးခဲ့တဲ့ပြဲကို ကြၽန္ေတာ္ ေလ့လာထားပါတယ္။ သူတို႔ရႈံးခဲ့ေပမယ့္ ေျခအသာနဲ႔ ကစားႏိုင္ခဲ့ၿပီးဂိုးမရခဲ့လို႔သာ အႏိုင္မရခဲ့တာပါ။ သူတို႔မွာ လူငယ္ကစား သမားေတြမ်ားၿပီး ယူ-၂၀ ကမာၻ႔ ဖလား ၿပိဳင္ပြဲယွဥ္ၿပိဳင္ခဲ့ဖူးတဲ့ ကစားသမားေတြ အမ်ားစု ပါဝင္ေနတယ္လို႔ သိရပါတယ္။ ကြၽန္ေတာ္တို႔ ရန္ကုန္မွာ ေလ့က်င့္တဲ့ ရက္တိုင္း မိုး႐ြာတာနဲ႔ ႀကဳံရေပမယ့္ ဒါက အသင္းအတြက္ ျပႆနာမျဖစ္ႏိုင္ပါဘူး။ ကစားေနက်ပုံစံအတိုင္း ကစားႏိုင္ရင္ ပြဲကိုအသာစီးရမွာပါ။ ဘယ္သူေတြကို သုံးမလဲဆိုတာေတာ့ ေလာေလာဆယ္မွာ ေျပာလို႔မရေသးပါဘူး။ ညေနပိုင္းမွာ ျပဳလုပ္မယ့္ ေလ့က်င့္ခန္းအစီအစဥ္ၿပီးမွ အေကာင္းဆုံးျဖစ္မယ့္ ၁၁ ေယာက္ကို အသုံးျပဳမွာပါ။ ကူဘိုကို အသုံးျပဳမလား ဆိုတာ သူ႔ရဲ႕ေလ့က်င့္ေရးကြင္းေပၚက စြမ္းေဆာင္ရည္က အေရးႀကီးပါတယ္။ အေကာင္းဆုံးရလဒ္တစ္ခု ရယူႏိုင္ ေအာင္ ႀကိဳးစားသြားမွာပါ”ဟုေျပာၾကားသည္။

ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ ျမန္မာအသင္းႏွင့္ ဂ်ပန္အသင္းတို႔ ယေန႔ယွဥ္ၿပိဳင္ကစားေတာ့မည္ 3

ျမန္မာအသင္းႏွင့္ ဂ်ပန္အသင္း သည္ ၁၉၉၄ အာရွအားကစားၿပိဳင္ပြဲတြင္ ေတြ႕ဆုံၿပီးေနာက္ပိုင္း ႏွစ္ေပါင္း ၂၀ ေက်ာ္မွ အဓိကႏိုင္ငံတကာၿပိဳင္ပြဲတြင္ ျပန္လည္ေတြ႕ဆုံျခင္း ျဖစ္သည္။

ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ ျမန္မာအသင္းႏွင့္ ဂ်ပန္အသင္းတို႔ ယေန႔ယွဥ္ၿပိဳင္ကစားေတာ့မည္ 4

ဂ်ပန္ လက္ေ႐ြးစင္အသင္းတြင္ ဥေရာပအေျခစိုက္ ကစားသမားအမ်ားစု ပါဝင္လာၿပီး ယိုရွီဒါ၊ ကူဘို၊ ကာဝါဇာကီ၊ အိုဆာကို စသည့္ကစားသမားမ်ား ပါဝင္လာသည္။ ျမန္မာ့လက္ေ႐ြးစင္ အသင္းမွာလည္း မြန္ဂိုလီးယားႏွင့္ ကစား ခဲ့သည့္ လူစာရင္းကို အေျခခံကာ ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး ေနာက္ခံလူ ေဇာ္ရဲ ထြန္းကိုသာ အားျဖည့္ေ႐ြးခ်ယ္ထားသည္။ညီျမတ္ေသာ္တာ

Unicode Version

ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မြန်မာနှင့် ဂျပန်အသင်း ယနေ့ယှဉ်ပြိုင်ကစားမည်

၂၀၂၂ ကမ္ဘာ့ ဖလားနှင့် ၂၀၂၃ အာရှ ဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စု ပွဲစဉ်(၂) ကို စက်တင်ဘာ ၁၀ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အိမ်ကွင်းပွဲအဖြစ် အာရှထိပ်သီးဂျပန်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ ယင်းပွဲကို ယနေ့ ညနေ ၆ နာရီ မိနစ် ၅၀ တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။

မြန်မာ-ဂျပန်ပွဲအတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီက အင်းလျားလိတ် ဟိုတယ်၌ ကျင်းပရာ နှစ်ဖက်အသင်း နည်းပြချုပ်များ တက်ရောက်ခဲ့သည်။ မြန်မာအသင်းနည်းပြချုပ် ရာဒူလိုဗစ်က ”ကျွန်တော်တို့အသင်းက အဖွင့်ပွဲမှာ မွန်ဂိုလီးယားကို အဝေးကွင်းမှာ ရှုံးနိမ့် ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးသွင်းခွင့်တွေ အများကြီးရခဲ့ပေမယ့် အာရုံစူးစိုက်မှုလျော့နည်းမှု တစ်ခုကနေ ဂိုးပေးလိုက်ရတာ ဖြစ်ပါတယ်။ စင်ကာပူ ကို အနိုင်ရခဲ့တဲ့ခြေစမ်းပွဲလို ကစားနိုင် ခဲ့ပေမယ့် ကံမကောင်းဘဲ အရေးနိမ့်ခဲ့ ပါတယ်။ ကျွန်တော်တို့ ဒုတိယပွဲအဖြစ် ကစားရမယ့် ဂျပန်အသင်းက အာရှရဲ့ ထိပ်ဆုံးမှာရှိတဲ့အသင်း ဖြစ်ပါတယ်။ ဒီပွဲက ကျွန်တော်တို့အတွက် စိန်ခေါ်မှု တစ်ခုပါပဲ။ သေချာတာကတော့ ဂျပန် နဲ့ပွဲမှာ အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်မျိုးရအောင် ကစားမှာပါ။ အကောင်းဆုံး ကြိုးစားကစားမှာပါ။ ကျွန်တော်တို့အသင်းက ၂၀၂၀ ဆူဇူကီး ဖလားပြိုင်ပွဲအတွက် ရည်ရွယ် တည်ဆောက်နေတာဖြစ်ပြီး လာမယ့်ပွဲ တွေအတွက် ပြင်ဆင်စရာရှိတာတွေ၊ ပြောင်းလဲစရာရှိတာတွေကို ပြောင်းလဲ သွားရမှာပါ”ဟု ပြောကြားသည်။ မြန်မာ့ လက်ရွေးစင်အသင်း နောက်ခံလူ ဇော်မင်းထွန်းက ”မွန်ဂိုလီးယားကို ရှုံးခဲ့ပေမယ့် ကျွန်တော်တို့ ကစားသမား ကြားမှာ စည်းလုံးမှုပြိုကွဲတာ မရှိပါဘူး။ အရင်အတိုင်း ညီညွတ်မှုရှိပါတယ်။ ဂျပန် နဲ့ပွဲမှာ ကျွန်တော်တို့ပိုပြီး ကြိုးစား သွားမှာပါ”ဟု ပြောကြားသည်။

ဂျပန် လက်ရွေးစင်အသင်း နည်းပြချုပ် မိုရီယာဆုက ” ဒီပွဲက ကမ္ဘာ့ ဖလားခြေစစ်ပွဲမှာ ပထမဆုံးကစားရတဲ့ပွဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အသင်းက ကမ္ဘာ့ ဖလားခြေစစ်ပွဲအောင်ဖို့ မျှော်မှန်း ထားတာကြောင့် ပွဲတိုင်းက အရေးကြီးပါ တယ်။ မြန်မာအသင်းက အသင်းကောင်း တစ်သင်းဖြစ်သလို နိုင်ငံခြားသားနည်းပြ နဲ့ ပြင်ဆင်ထားတာဖြစ်ပါတယ်။ မွန်ဂို လီးယားကို ရှုံးခဲ့တဲ့ပွဲကို ကျွန်တော် လေ့လာထားပါတယ်။ သူတို့ရှုံးခဲ့ပေမယ့် ခြေအသာနဲ့ ကစားနိုင်ခဲ့ပြီးဂိုးမရခဲ့လို့သာ အနိုင်မရခဲ့တာပါ။ သူတို့မှာ လူငယ်ကစား သမားတွေများပြီး ယူ-၂၀ ကမ္ဘာ့ ဖလား ပြိုင်ပွဲယှဉ်ပြိုင်ခဲ့ဖူးတဲ့ ကစားသမားတွေ အများစု ပါဝင်နေတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ ရန်ကုန်မှာ လေ့ကျင့်တဲ့ ရက်တိုင်း မိုးရွာတာနဲ့ ကြုံရပေမယ့် ဒါက အသင်းအတွက် ပြဿနာမဖြစ်နိုင်ပါဘူး။ ကစားနေကျပုံစံအတိုင်း ကစားနိုင်ရင် ပွဲကိုအသာစီးရမှာပါ။ ဘယ်သူတွေကို သုံးမလဲဆိုတာတော့ လောလောဆယ်မှာ ပြောလို့မရသေးပါဘူး။ ညနေပိုင်းမှာ ပြုလုပ်မယ့် လေ့ကျင့်ခန်းအစီအစဉ်ပြီးမှ အကောင်းဆုံးဖြစ်မယ့် ၁၁ ယောက်ကို အသုံးပြုမှာပါ။ ကူဘိုကို အသုံးပြုမလား ဆိုတာ သူ့ရဲ့လေ့ကျင့်ရေးကွင်းပေါ်က စွမ်းဆောင်ရည်က အရေးကြီးပါတယ်။ အကောင်းဆုံးရလဒ်တစ်ခု ရယူနိုင် အောင် ကြိုးစားသွားမှာပါ”ဟုပြောကြားသည်။

မြန်မာအသင်းနှင့် ဂျပန်အသင်း သည် ၁၉၉၄ အာရှအားကစားပြိုင်ပွဲတွင် တွေ့ဆုံပြီးနောက်ပိုင်း နှစ်ပေါင်း ၂၀ ကျော်မှ အဓိကနိုင်ငံတကာပြိုင်ပွဲတွင် ပြန်လည်တွေ့ဆုံခြင်း ဖြစ်သည်။

ဂျပန် လက်ရွေးစင်အသင်းတွင် ဥရောပအခြေစိုက် ကစားသမားအများစု ပါဝင်လာပြီး ယိုရှီဒါ၊ ကူဘို၊ ကာဝါဇာကီ၊ အိုဆာကို စသည့်ကစားသမားများ ပါဝင်လာသည်။ မြန်မာ့လက်ရွေးစင် အသင်းမှာလည်း မွန်ဂိုလီးယားနှင့် ကစား ခဲ့သည့် လူစာရင်းကို အခြေခံကာ ယှဉ်ပြိုင်မည်ဖြစ်ပြီး နောက်ခံလူ ဇော်ရဲ ထွန်းကိုသာ အားဖြည့်ရွေးချယ်ထားသည်။ညီမြတ်သော်တာ

Be the first to comment

Leave a Reply

Your email address will not be published.


*