ကတုံး​ပေါက်​​ကေ​လေးနဲ့ ချစ်​စရာ​ကောင်း​နေတဲ့ ပိုပို
ကတုံး​ပေါက်​​ကေ​လေးနဲ့ ချစ်​စရာ​ကောင်း​နေတဲ့ ပိုပို 1
ကတုံး​ပေါက်​​ကေ​လေးနဲ့ ချစ်​စရာ​ကောင်း​နေတဲ့ ပိုပို 2
ကတုံး​ပေါက်​​ကေ​လေးနဲ့ ချစ်​စရာ​ကောင်း​နေတဲ့ ပိုပို 3
ကတုံး​ပေါက်​​ကေ​လေးနဲ့ ချစ်​စရာ​ကောင်း​နေတဲ့ ပိုပို 4
ကတုံး​ပေါက်​​ကေ​လေးနဲ့ ချစ်​စရာ​ကောင်း​နေတဲ့ ပိုပို 5
ကတုံး​ပေါက်​​ကေ​လေးနဲ့ ချစ်​စရာ​ကောင်း​နေတဲ့ ပိုပို 6
Unicode Version
လူငယ်တွေကြားမှာ ရေပန်းအရမ်းစားပြီး ပေါ်ပြူလာဖြစ်နေတဲ့ Popသီချင်းချိုချိုလေးတွေကို သီဆိုတတ်တဲ့ အဆိုတော်မလေး ပိုပိုဟာ အားလုံးရဲ့အသည်းကျော်လေးပါပဲနော်။ သူမဟာ အနုပညာလမ်းကြောင်းပေါ်မှာ ကိုယ့်ခြေထောက်ကိုယ်ရပ်ပြီး ကိုယ့်လမ်းကို လျှောက်နိုင်အောင်ကြိုးစားခဲ့တဲ့ အတွက် အချိန်တိုတိုနဲ့ အောင်မြင်တဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့ရတာပါနော်။
သူမဟာ အခုနောက်ပိုင်းမှာဆိုရင် သီချင်းအဆိုပိုင်းတင်သာမကဘဲ ရုပ်ရှင်အနုပညာလောကထဲကို ဇာတ်လမ်းတွဲတွေကနေတစ်ဆင့် ဝင်ရောက်လာနေခဲ့ပါပြီနော်။ ဒီရက်ပိုင်းမှာတော့ သူမဟာ အိမ်အပြောင်းအလဲကိစ္စနဲ့ ပတ်သတ်ပြီး မအားမလပ်ဖြစ်နေခဲ့ရပါတယ်နော်။ တစ်ယောက်တည်းနေတဲ့သူလေးလည်းဖြစ်ပြီး အလုပ်ကိစ္စတွေဝိုင်းလုပ်ဖို့ လူခွဲလည်း မရှိတဲ့အတွက် အရမ်းကို ပင်ပန်းနေရကြောင့် ပရိတ်သတ်တွေကို ရင်ဖွင့်ခဲ့ပါတယ်နော်။
သူမဟာ လတ်တလောမှာ အလုပ်တွေမအားတဲ့ကြားကနေ သူမရဲ့ပရိတ်သတ်တွေနဲ့တွေ့ဖို့ ပွဲလေးတွေတက်ဖြစ်နေပြီးတော့ အခုတစ်ခါမှာလည်းD&Cပွဲကြီးကို ခပ်မိမိအပြင်အဆင်လေးတွေနဲ့တက်ရောက်ခဲ့ပါတယ်နော်။ ပိုပိုဟာ သီလရှင်ဝတ်ပြီး ပြန်ထွက်လာတာမကြာသေးတာကြောင့် ဒီပွဲကိုလည်း ကတုံးဆံပင်ပေါက်လေးနဲ့ပဲ တက်ရောက်လာခဲ့ပြန်ပါတယ်နော်။ ဆံပင်တုလေးစွပ်ပြီးတက်ရောက်လို့ရပေမယ့် ပရိတ်သတ်တွေအပေါ် အမြဲတမ်းရိုးသားတဲ့သူမဟာ ကတုံးဆံပင်ပေါက်လေးနဲ့သာ ချစ်ဖို့ကောင်းစွာတက်ရောက်လာခဲ့ပါတယ်နော်။ ကဲ… ကတုံးဆံပင်ပေါက်လေးနဲ့ ချစ်ဖို့ကောင်းလွန်းနေတဲ့ ပိုပိုရဲ့ပွဲတက်ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။Myanmarload