ကတုံးကေလေးနဲ့လဲ ချစ်စရာကောင်းနေသေးတဲ့ ခြူးလေး
ကတုံးကေလေးနဲ့လဲ ချစ်စရာကောင်းနေသေးတဲ့ ခြူးလေး 1
ကတုံးကေလေးနဲ့လဲ ချစ်စရာကောင်းနေသေးတဲ့ ခြူးလေး 2
ကတုံးကေလေးနဲ့လဲ ချစ်စရာကောင်းနေသေးတဲ့ ခြူးလေး 3
ကတုံးကေလေးနဲ့လဲ ချစ်စရာကောင်းနေသေးတဲ့ ခြူးလေး 4
Unicode Version
MRTV 4 မင်းသမီးလေးလို့ လူသိများတဲ့ နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးလေး ခြူးလေး ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းများစွာ လည်းရှိတာကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် ခြူးလေး ရဲ့သဘာဝဆန်ဆန် အလှပုံရိပ်ကလေး တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ခြူးလေးက ” ကဝေသေလို့ ခြောက်တဲ့ တစ္ဆေ ” ရုပ်ရှင်ဇာတ်ကားကို ရုပ်ရှင်သရုပ်ဆောင် မြင့်မြတ်၊ သက်မွန်မြင့်၊ တို့နဲ့ အတူ သရုပ်ဆောင်ထားပြီး ကြယ်ကြွေချိန်မှာ နင်နဲ့ငါ ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင် အလင်းရောင် တို့နဲ့ အတူ ရိုက်ကူးထားပါတယ် ။ခြူးလေးရဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း မကြာခင် ကြည့်ရတော့မှာပါ။သူမသရုပ်ဆောင်ထားတဲ့ ချစ်ရပါသောနွေ ဇာတ်လမ်းတွဲလေးကလည်း ည၇နာရီ မှာ ပြသနေပြီး ပရိသတ်အားပေးမှုများစွာ ရရှိထားပါတယ်။
ခြူးလေး က ဒီတစ်ခါမှာတော့ သူမရဲ့ သီလရှင်ထွက် ကတုံး ဆံပင်ပေါက် လေးနဲ့ ပရိသတ်တွေကို သဘာဝဆန်ဆန် ဆွဲဆောင်ထားပြန်ပါတယ်။ခြူးလေး ရဲ့ သဘာဝဆန်ဆန် ဆွဲဆောင်မှု ရှိရှိလှနေတဲ့ ပုံရိပ်ကလေး တွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။သရုပ်ဆောင် ခြူးလေးရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေဘောကျလိမ့်မယ် ထင်ပါတယ်။