ကတုံးဖက်ရှင်လေးနဲ့ အရမ်းမိုက်နေတဲ့ ခြူးလေးရဲ့ ပုံလေးတွေ
ကတုံးဖက်ရှင်လေးနဲ့ အရမ်းမိုက်နေတဲ့ ခြူးလေးရဲ့ ပုံလေးတွေ 1
ကတုံးဖက်ရှင်လေးနဲ့ အရမ်းမိုက်နေတဲ့ ခြူးလေးရဲ့ ပုံလေးတွေ 2
ကတုံးဖက်ရှင်လေးနဲ့ အရမ်းမိုက်နေတဲ့ ခြူးလေးရဲ့ ပုံလေးတွေ 3
ကတုံးဖက်ရှင်လေးနဲ့ အရမ်းမိုက်နေတဲ့ ခြူးလေးရဲ့ ပုံလေးတွေ 4
ကတုံးဖက်ရှင်လေးနဲ့ အရမ်းမိုက်နေတဲ့ ခြူးလေးရဲ့ ပုံလေးတွေ 5
ကတုံးဖက်ရှင်လေးနဲ့ အရမ်းမိုက်နေတဲ့ ခြူးလေးရဲ့ ပုံလေးတွေ 6
Photo;Photo Magic
Unicode Version
“ထာဝရမန္တလေး” ဇာတ်လမ်းတွဲကြီးထဲက သွက်သွက်လက်လက်နဲ့ ချစ်စရာကောင်မလေး ငွေရည်နှင်းစက်ဆိုပြီး ပရိသတ်တွေ စတင်အားပေးခဲ့ကြတဲ့ ခြူးလေးကတော့ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေတောင် ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ အနုပညာကို ချစ်မြတ်နိုးတဲ့ စိတ်နဲ့ ကြိုးစားခဲ့တဲ့ သူမကတော့ အလုပ်လုပ်ရင်ပါလည်း စေတနာပါပါနဲ့ အကောင်းဆုံးလုပ်တတ်သူတစ်ဦးမို့ ပရိသတ်တွေက ပိုပြီး အချစ်ပိုနေရတာပာ။ တစ်နေ့တစ်ခြား အလှတိုးလာတဲ့ ခြူးလေးကတော့ လတ်တလောမှာလည်း Sunday ဂျာနယ်ရဲ့ကာဗာအတွက် ကတုံးလေးနဲ့ပဲ အမိုက်စားရိုက်ကူးထားတဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။ ကတုံးလေးနဲ့တောင် ကြည့်လို့ကောင်းတဲ့ ခြူးလေးရဲ့ပုံရိပ်တွေကတော့ အရမ်းကို ဂေါ်နေတာပါနော်။
ချစ်ပရိသတ်တွေအတွက် ကတုံးလေးနဲ့တောင် အရမ်းကို ဂေါ်နေတဲ့ ခြူးလေးရဲ့အမိုက်စား ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ခြူးလေးကတော့ တလောကမှ သီလရှင်ဝတ်ထားတာဖြစ်ပြီး၊ အခုလက်ရှိမှာတော့ အနုပညာအလုပ်တွေ ပြန်လုပ်နေပြီပဲ ဖြစ်ပါတယ်။
ခြူးလေးကတော့ လက်ရှိမှာ တစ်ကိုယ်တည်းဖြတ်သန်းနေပြီး အချစ်ရေးကိုလည်း မစဉ်းစားသေးဘူးလို့ သိရပါတယ်။ခြူးလေးကတော့ လတ်တလောမှာ အချစ်ရေးကို စိတ်မဝင်စားသေးပဲ သူမချစ်တဲ့ အနုပညာအလုပ်တွေကို လုပ်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာလည်း သရုပ်ဆောင်နေရပြီဖြစ်တဲ့ ခြူးလေးကတော့ တလောကလည်း မြင့်မြတ်၊ သက်မွန်မြင့်တို့နဲ့အတူ “ကဝေသေလို့ ခြောက်တဲ့ တစ္ဆေ” ဇာတ်ကားကိုလည်း ရိုက်ကူးထားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ ခြူးလေးကိုချစ်ရင် သူမရဲ့ပုံရိပ်လေးတွေကို အချင်းချင်းဝေမျှသွားလိုက်ကြပါဦနော်။Momolay