ကတိမတည္တဲ့သူေတြနဲ႔ အလုပ္မလုပ္ခ်င္တဲ့အေၾကာင္းေတြ ေျပာျပလာတဲ့ မေအးေသာင္း

မေအးေသာင္းဟာဆိုရင္လြန္ခဲ့တဲ့နွစ္ေပါင္းမ်ားစြာကတည္းက အခုအခ်ိိ္န္အထိ ေအာင္ျမင္မႈကုိထိန္းထားနုိ္င္တဲ့ အနုပညာရွင္တစ္ဦးျဖစ္သလို ေယာက္်ားေလးပရိသတ္ေတြေရာ မိန္းကေလးပရိသတ္ပါ မမ မမ နဲ႔ ဝိုင္းခ်စ္တာခံရတဲ့ မင္းသမီးတစ္လက္ပါ။က်ရာေနရာကုိ ပုိင္နိုင္စြာသရုပ္ေဆာင္နုိင္တဲ့အရည္အခ်င္းေတြေၾကာင့္လည္း မေအးေသာင္းက ျပီးခဲ့တဲ့ အကယ္ဒမီေပးပြဲၾကီးမွာ အကယ္ဒမီတစ္ၾကိဳေပးခံခဲ့ရပါေသးတယ္။ မေအးေသာင္းက မၾကာေသးမီက သူမရဲ႕ လူမႈကြန္ယက္မွာ ကတိပ်က္တဲ့လူေတြနဲ႔အလုပ္တြဲမလုပ္ခ်င္ဘူးလို႔ status ေလးနဲ႔ရင္ဖြင့္ထားခဲ့ျပီး အဲဒီကိစၥကုိ MC နဲ႔ အင္တာဗ်ဴးမွာ ရင္ဖြင့္ေျပာျပလာပါတယ္။

ကတိမတည္တဲ့သူေတြနဲ႔ အလုပ္မလုပ္ခ်င္တဲ့အေၾကာင္းေတြ ေျပာျပလာတဲ့ မေအးေသာင္း 1

မေအးေသာင္းက အလုပ္ကိစၥေျပာျပီးမွ ကတိဖ်က္ခံလိုက္ရတယ္လို႔ “အစ္မက အလုပ္ကိစၥခ်ိ္န္းျပီးေတာ့ ပ်က္သြားလို႔၊ ဖုန္းလည္းျပန္မဆက္ေတာ့တာနဲ႔ စိတ္ထဲမွာ ကတိဖ်က္ခံလုိက္ရတယ္လို႔။ သူတို႔ က ဖုန္းလည္းမကိုင္ဘူး။ ကုိုယ္ကေတာ့ ကတိတည္တယ္ေပါ့ ။ဒီရက္မွာ ဒါလုပ္မယ္ဆိုရင္ ကုိယ္လုပ္ေပးနုိ္င္တာဆိုရင္လုပ္ေပးတယ္။ ကုိယ္မလုပ္ေပးနုိ္င္တာဆုိရင္ အစကတည္းက လြယ္လြယ္နဲ႔ကတိမေပးဘူး။

ကတိမတည္တဲ့သူေတြနဲ႔ အလုပ္မလုပ္ခ်င္တဲ့အေၾကာင္းေတြ ေျပာျပလာတဲ့ မေအးေသာင္း 2

အဲ့လိုမ်ိဳးလူေတြနဲ႔အလုပ္မလုပ္ခ်င္တာေတာ့အမွန္ပဲ။ ကုိုယ္လည္းပင္ပန္းတယ္။ သူတို႔ဆက္လာမယ့္အခ်ိန္အထိေစာင့္ေနရတယ္။ ဆက္လည္းဆက္မလာဘူးဆိုေတာ့ ကုိယ့္စိတ္ထဲမွာလည္း စိတ္မေကာင္းဘူး။ အခ်ိန္လည္းနွေမ်ာတယ္။ ကုိ္ယ္ထည့္ထားတဲ့ effort ေပါ့။အားစုိက္မႈေပါ့။ ဒီေန႔ Shooting ရိုက္မယ္ဆို ငါ ဒီ shooting အတြက္ဘယ္လိုလုပ္မယ္။ ဘာျပင္ဆင္ထားမယ္ဆိုတာမ်ိဳးေပါ့”လို႔ ရင္ဖြင့္ေျပာျပလာပါတယ္။

ကတိမတည္တဲ့သူေတြနဲ႔ အလုပ္မလုပ္ခ်င္တဲ့အေၾကာင္းေတြ ေျပာျပလာတဲ့ မေအးေသာင္း 3

မေအးေသာင္းက ကုိယ့္က်န္းမာေရးထက္အလုပ္ကိစၥကုိဦးစားေပးခဲ့တာေတာင္ ကတိဖ်က္ခံလုိက္ရေၾကာင္း “အစ္မမ်က္စိေဆးခန္းျပစရာရွိတယ္။ ဒီေန႔မွသြားရမွာ။ အမွန္တကယ္ဆို မေန႔က shooting မရွိဘူးဆိုရင္ အစ္မမ်က္လံုးကုိ အစ္မမေန႔ကတည္းက ျပနုိင္တယ္။ အစ္မမ်က္လံုးက ျဖစ္ေနတာၾကာလွျပီ။ ဒါေပမယ့္ အဲဒါကုိအခ်ိန္ဆြဲေနတာ။

ကတိမတည္တဲ့သူေတြနဲ႔ အလုပ္မလုပ္ခ်င္တဲ့အေၾကာင္းေတြ ေျပာျပလာတဲ့ မေအးေသာင္း 4

သူတို႔အတြက္ ကုိယ့္မ်က္လံုးထက္ သူတို႔ကုိဦးစားေပးျပီးေတာ့ ရက္ေပးလိုက္တာ။ ဒါေပမယ့္ ဖုန္းလည္းမကုိင္၊ ရုိက္ျဖစ္မွာလား၊မရိုက္ျဖစ္ဘူးလား အေၾကာင္းမျပန္တဲ့အခါက်ေတာ့ ကုိယ့္ရဲ႕ effort ကုိယ္ေပးထားတဲ့ ေစတနာ၊ ကုိယ့္ရဲ႕အခ်ိန္ေတြကုိနွေမ်ာတာေပါ့”လို႔ ေျပာျပထားပါတယ္။

ကတိမတည္တဲ့သူေတြနဲ႔ အလုပ္မလုပ္ခ်င္တဲ့အေၾကာင္းေတြ ေျပာျပလာတဲ့ မေအးေသာင္း 5

မ်က္လံုးအတြက္စိတ္ပူေနၾကတဲ့ပရိသတ္ေတြကုိလည္း စိတ္မပူဖို႔ မေအးေသာင္းက “မ်က္လံုးကေတာ့ ဆရာဝန္က ေနာက္တစ္ေခါက္ check up လုပ္မယ္တဲ့။ ျဖစ္ခ်င္ေတာ့အစ္မက retina ေပါ့။ မ်က္လံုးရဲ႕အျမင္အာရံုတည့္တည့္မွာျဖစ္ေနတာဆိုေတာ့ risk ေတာ့မ်ားတယ္။ ေနာက္တစ္ေခါက္ျပန္ၾကည့္လို႔လုပ္လို႔ရတယ္ဆိုရင္လည္းလုပ္ေပါ့။ လုပ္လို႔မရဘူးဆိုရင္လည္း အစ္မရဲ႕ lifestyle ေပ့ါ။ ေစာေစာအိပ္တာတို႔အပင္ပန္းမခံတာတု႔ိ stress ေလွ်ာ့တာတို႔လုပ္ရမွာေပါ့။ေဆးလည္းမရွိဘူးဆိုေတာ့ မ်က္စိအားေဆးေလးပဲေသာက္ျပီးေနရမွာေပါ့။ လြန္ခဲ့တဲ့တစ္နွစ္ကတည္းက မ်က္လံုးအတြက္စိတ္ပူေနၾကတဲ့ပရိသတ္ေတြကုိလည္းစိတ္မပူၾကပါနဲ႔လို႔ျမင္ေတာ့ျမင္ေနရပါျပီလို႔ အေကာင္းဆံုးလည္းကုိုယ့္ကုိယ္ကုိယ္ဂရုစုိက္သြားပါမယ္လို႔ေျပာခ်င္ပါတယ္”လို႔ ေျပာသြားပါတယ္။Nanmalgyi

Unicode Version

မအေးသောင်းဟာဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အခုအချိန်အထိ အောင်မြင်မှုကိုထိန်းထားနိုင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ယောက်ျားလေးပရိသတ်တွေရော မိန်းကလေးပရိသတ်ပါ မမ မမ နဲ့ ဝိုင်းချစ်တာခံရတဲ့ မင်းသမီးတစ်လက်ပါ။ကျရာနေရာကို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့အရည်အချင်းတွေကြောင့်လည်း မအေးသောင်းက ပြီးခဲ့တဲ့ အကယ်ဒမီပေးပွဲကြီးမှာ အကယ်ဒမီတစ်ကြိုပေးခံခဲ့ရပါသေးတယ်။ မအေးသောင်းက မကြာသေးမီက သူမရဲ့ လူမှုကွန်ယက်မှာ ကတိပျက်တဲ့လူတွေနဲ့အလုပ်တွဲမလုပ်ချင်ဘူးလို့ status လေးနဲ့ရင်ဖွင့်ထားခဲ့ပြီး အဲဒီကိစ္စကို MC နဲ့ အင်တာဗျူးမှာ ရင်ဖွင့်ပြောပြလာပါတယ်။

မအေးသောင်းက အလုပ်ကိစ္စပြောပြီးမှ ကတိဖျက်ခံလိုက်ရတယ်လို့ “အစ်မက အလုပ်ကိစ္စချိန်းပြီးတော့ ပျက်သွားလို့၊ ဖုန်းလည်းပြန်မဆက်တော့တာနဲ့ စိတ်ထဲမှာ ကတိဖျက်ခံလိုက်ရတယ်လို့။ သူတို့ က ဖုန်းလည်းမကိုင်ဘူး။ ကိုယ်ကတော့ ကတိတည်တယ်ပေါ့ ။ဒီရက်မှာ ဒါလုပ်မယ်ဆိုရင် ကိုယ်လုပ်ပေးနိုင်တာဆိုရင်လုပ်ပေးတယ်။ ကိုယ်မလုပ်ပေးနိုင်တာဆိုရင် အစကတည်းက လွယ်လွယ်နဲ့ကတိမပေးဘူး။ အဲ့လိုမျိုးလူတွေနဲ့အလုပ်မလုပ်ချင်တာတော့အမှန်ပဲ။ ကိုယ်လည်းပင်ပန်းတယ်။ သူတို့ဆက်လာမယ့်အချိန်အထိစောင့်နေရတယ်။ ဆက်လည်းဆက်မလာဘူးဆိုတော့ ကိုယ့်စိတ်ထဲမှာလည်း စိတ်မကောင်းဘူး။ အချိန်လည်းနှမျောတယ်။ ကိုယ်ထည့်ထားတဲ့ effort ပေါ့။အားစိုက်မှုပေါ့။ ဒီနေ့ Shooting ရိုက်မယ်ဆို ငါ ဒီ shooting အတွက်ဘယ်လိုလုပ်မယ်။ ဘာပြင်ဆင်ထားမယ်ဆိုတာမျိုးပေါ့”လို့ ရင်ဖွင့်ပြောပြလာပါတယ်။

မအေးသောင်းက ကိုယ့်ကျန်းမာရေးထက်အလုပ်ကိစ္စကိုဦးစားပေးခဲ့တာတောင် ကတိဖျက်ခံလိုက်ရကြောင်း “အစ်မမျက်စိဆေးခန်းပြစရာရှိတယ်။ ဒီနေ့မှသွားရမှာ။ အမှန်တကယ်ဆို မနေ့က shooting မရှိဘူးဆိုရင် အစ်မမျက်လုံးကို အစ်မမနေ့ကတည်းက ပြနိုင်တယ်။ အစ်မမျက်လုံးက ဖြစ်နေတာကြာလှပြီ။ ဒါပေမယ့် အဲဒါကိုအချိန်ဆွဲနေတာ။ သူတို့အတွက် ကိုယ့်မျက်လုံးထက် သူတို့ကိုဦးစားပေးပြီးတော့ ရက်ပေးလိုက်တာ။ ဒါပေမယ့် ဖုန်းလည်းမကိုင်၊ ရိုက်ဖြစ်မှာလား၊မရိုက်ဖြစ်ဘူးလား အကြောင်းမပြန်တဲ့အခါကျတော့ ကိုယ့်ရဲ့ effort ကိုယ်ပေးထားတဲ့ စေတနာ၊ ကိုယ့်ရဲ့အချိန်တွေကိုနှမျောတာပေါ့”လို့ ပြောပြထားပါတယ်။

မျက်လုံးအတွက်စိတ်ပူနေကြတဲ့ပရိသတ်တွေကိုလည်း စိတ်မပူဖို့ မအေးသောင်းက “မျက်လုံးကတော့ ဆရာဝန်က နောက်တစ်ခေါက် check up လုပ်မယ်တဲ့။ ဖြစ်ချင်တော့အစ်မက retina ပေါ့။ မျက်လုံးရဲ့အမြင်အာရုံတည့်တည့်မှာဖြစ်နေတာဆိုတော့ risk တော့များတယ်။ နောက်တစ်ခေါက်ပြန်ကြည့်လို့လုပ်လို့ရတယ်ဆိုရင်လည်းလုပ်ပေါ့။ လုပ်လို့မရဘူးဆိုရင်လည်း အစ်မရဲ့ lifestyle ပေ့ါ။ စောစောအိပ်တာတို့အပင်ပန်းမခံတာတု့ိ stress လျှော့တာတို့လုပ်ရမှာပေါ့။ဆေးလည်းမရှိဘူးဆိုတော့ မျက်စိအားဆေးလေးပဲသောက်ပြီးနေရမှာပေါ့။ လွန်ခဲ့တဲ့တစ်နှစ်ကတည်းက မျက်လုံးအတွက်စိတ်ပူနေကြတဲ့ပရိသတ်တွေကိုလည်းစိတ်မပူကြပါနဲ့လို့မြင်တော့မြင်နေရပါပြီလို့ အကောင်းဆုံးလည်းကိုယ့်ကိုယ်ကိုယ်ဂရုစိုက်သွားပါမယ်လို့ပြောချင်ပါတယ်”လို့ ပြောသွားပါတယ်။Nanmalgyi